【 နည်းပညာ 】 ယခင်ထက် စွမ်းဆောင်ရည်ပိုကောင်းလာမယ်ဆိုတဲ့ MIUI 12.5

【 နည်းပညာ 】 ယခင်ထက် စွမ်းဆောင်ရည်ပိုကောင်းလာမယ်ဆိုတဲ့ MIUI 12.5

လွန်ခဲ့တဲ့ တနင်္လာနေ့တုန်းက တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi မှ နာမည်ကျော် Mi 11 စမတ်ဖုန်းနဲ့အတူ ပိုမိုအဆင့်မြှင့်တင်ထားတဲ့ MIUI အသစ်ကိုပါ မိတ်ဆက်ပြသခဲ့တာကို မြင်တွေ့ရပါတယ်။

MIUI 12.5 လို့ အမည်ပေးထားတဲ့ Xiaomi ရဲ့ UI အသစ်ဟာ ယခင်ထက် ပိုလုံခြုံပြီး၊ ပိုမြန်ဆန်ကာ၊ ပိုကြည့်ကောင်းလာမယ်လို့ Xiaomi က ဆိုပါတယ်။

Xiaomi ရဲ့ ထွက်ရှိခဲ့သမျှ ယခင် MIUI version တွေဟာ သုံးစွဲသူတွေအကြိုက်တွေ့ခဲ့ကြခြင်းမရှိပဲ MIUI 12 အထိ မမ်မိုရီသုံးစွဲမှုများပြားတာနဲ့ ကြော်ငြာတွေပါဝင်နေတာတွေကို ဝေဖန်မှုတွေ များပြားခဲ့ပါတယ်။အဆိုပါဝေဖန်မှုတွေကို Xiaomi ဘက်က ကြားသိခဲ့ပုံရပြီး၊ ယခုမိတ်ဆက်လိုက်တဲ့ MIUI 12.5 မှာ အကြီးစား အဆင့်မြှင့်မှုတွေ ပြုလုပ်ခဲ့တာကို မြင်တွေ့ရပါတယ်။

အဆင့်မြှင့်တင်မိတ်ဆက်လိုက်တဲ့ MIUI 12.5 မှာ ဘာတွေပြောင်းလဲတိုးတက်လာသလဲဆိုရင် မမ်မိုရီသုံးစွဲမှုနှုန်းဟာ ယခင်ကထက် ၂၀ ရာခိုင်နှုန်း လျော့ကျသွားပြီး၊ ပါဝါသုံးစွဲမှုနှုန်းကလည်း ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွားမှာဖြစ်ပါတယ်။တစ်ခုကောင်းမွန်သွားတာ စမတ်ဖုန်း UI တိုင်းမှာ တစ်ပါတည်း ပါဝင်လာတတ်တဲ့ ဆော့ဖ်ဝဲလ်တွေကို ဖြုတ်ချပေးထားမယ် ဆိုတာပါပဲ။ဒီအတွက် MIUI 12.5 ဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ဒါ့အပြင်‌ နောက်ကွယ်မမ်မိုရီ သုံးစွဲမှုအပိုင်းဟာလည်း ၃၅ ရာခိုင်နှုန်း လျော့ကျသွားမှာဖြစ်ပါတယ်။

လုံခြုံမှုအပိုင်းမှာလည်း အဆင့်မြှင့်တင်ပေးထားပြီး ဆော့ဖ်ဝဲလ်တွေကနေ သုံးစွဲသူရဲ့ တည်နေရာ၊ ကိုယ်ရေးအချက်အလက်ဒေတာတွေကို တောင်းဆိုတာကနေ တားဆီပေးမှာဖြစ်ပြီး၊ လျှို့ဝှက်ကုဒ်နံပါတ်တွေကို သုံးစွဲသူမသိပဲ မှတ်သားထားခြင်းမျိုးတွေကိုလည်း တားဆီးကာကွယ်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

MIUI 12.5 စမ်းသပ်ဗားရှင်းကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်မှာ ထုတ်လုပ်ပေးသွားမယ်လို့ သိရပြီး၊ ၂၀၁၉ ခုနှစ် နှစ်စပိုင်းက ထုတ်ခဲ့တဲ့ Xiaomi စမတ်ဖုန်းတွေလည်း MIUI 12.5 ကို အသုံးပြုနိုင်မယ့် စာရင်းမှာ ပါဝင်လာတာကို မြင်တွေ့ရပါတယ်။

Damien

( Zawgyi )

လြန္ခဲ့တဲ့ တနလၤာေန႔တုန္းက တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi မွ နာမည္ေက်ာ္ Mi 11 စမတ္ဖုန္းနဲ႔အတူ ပိုမိုအဆင့္ျမႇင့္တင္ထားတဲ့ MIUI အသစ္ကိုပါ မိတ္ဆက္ျပသခဲ့တာကို ျမင္ေတြ႕ရပါတယ္။

MIUI 12.5 လို႔ အမည္ေပးထားတဲ့ Xiaomi ရဲ႕ UI အသစ္ဟာ ယခင္ထက္ ပိုလုံၿခဳံၿပီး၊ ပိုျမန္ဆန္ကာ၊ ပိုၾကည့္ေကာင္းလာမယ္လို႔ Xiaomi က ဆိုပါတယ္။

Xiaomi ရဲ႕ ထြက္ရွိခဲ့သမွ် ယခင္ MIUI version ေတြဟာ သုံးစြဲသူေတြအႀကိဳက္ေတြ႕ခဲ့ၾကျခင္းမရွိပဲ MIUI 12 အထိ မမ္မိုရီသုံးစြဲမႈမ်ားျပားတာနဲ႔ ေၾကာ္ျငာေတြပါဝင္ေနတာေတြကို ေဝဖန္မႈေတြ မ်ားျပားခဲ့ပါတယ္။အဆိုပါေဝဖန္မႈေတြကို Xiaomi ဘက္က ၾကားသိခဲ့ပုံရၿပီး၊ ယခုမိတ္ဆက္လိုက္တဲ့ MIUI 12.5 မွာ အႀကီးစား အဆင့္ျမႇင့္မႈေတြ ျပဳလုပ္ခဲ့တာကို ျမင္ေတြ႕ရပါတယ္။

အဆင့္ျမႇင့္တင္မိတ္ဆက္လိုက္တဲ့ MIUI 12.5 မွာ ဘာေတြေျပာင္းလဲတိုးတက္လာသလဲဆိုရင္ မမ္မိုရီသုံးစြဲမႈႏႈန္းဟာ ယခင္ကထက္ ၂၀ ရာခိုင္ႏႈန္း ေလ်ာ့က်သြားၿပီး၊ ပါဝါသုံးစြဲမႈႏႈန္းကလည္း ၂၅ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်သြားမွာျဖစ္ပါတယ္။တစ္ခုေကာင္းမြန္သြားတာ စမတ္ဖုန္း UI တိုင္းမွာ တစ္ပါတည္း ပါဝင္လာတတ္တဲ့ ေဆာ့ဖ္ဝဲလ္ေတြကို ျဖဳတ္ခ်ေပးထားမယ္ ဆိုတာပါပဲ။ဒီအတြက္ MIUI 12.5 ဟာ ပိုမိုျမန္ဆန္လာမွာျဖစ္ပါတယ္။ဒါ့အျပင္‌ ေနာက္ကြယ္မမ္မိုရီ သုံးစြဲမႈအပိုင္းဟာလည္း ၃၅ ရာခိုင္ႏႈန္း ေလ်ာ့က်သြားမွာျဖစ္ပါတယ္။

လုံၿခဳံမႈအပိုင္းမွာလည္း အဆင့္ျမႇင့္တင္ေပးထားၿပီး ေဆာ့ဖ္ဝဲလ္ေတြကေန သုံးစြဲသူရဲ႕ တည္ေနရာ၊ ကိုယ္ေရးအခ်က္အလက္ေဒတာေတြကို ေတာင္းဆိုတာကေန တားဆီေပးမွာျဖစ္ၿပီး၊ လွ်ိဳ႕ဝွက္ကုဒ္နံပါတ္ေတြကို သုံးစြဲသူမသိပဲ မွတ္သားထားျခင္းမ်ိဳးေတြကိုလည္း တားဆီးကာကြယ္ေပးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

MIUI 12.5 စမ္းသပ္ဗားရွင္းကို လာမယ့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလလယ္မွာ ထုတ္လုပ္ေပးသြားမယ္လို႔ သိရၿပီး၊ ၂၀၁၉ ခုႏွစ္ ႏွစ္စပိုင္းက ထုတ္ခဲ့တဲ့ Xiaomi စမတ္ဖုန္းေတြလည္း MIUI 12.5 ကို အသုံးျပဳႏိုင္မယ့္ စာရင္းမွာ ပါဝင္လာတာကို ျမင္ေတြ႕ရပါတယ္။

Damien