【 နည်းပညာ 】 အိပ်စက်ချိန်ကို စောင့်ကြည့်အကဲဖြတ်ပေးမယ့် Huawei ရဲ့ စမတ်ခေါင်းအုံး

【 နည်းပညာ 】 အိပ်စက်ချိန်ကို စောင့်ကြည့်အကဲဖြတ်ပေးမယ့် Huawei ရဲ့ စမတ်ခေါင်းအုံး

နည်းပညာကုမ္ပဏီကြီးတွေကတော့ အမြဲကိုတီထွင်ကြံဆနေတယ်လို့ ဆိုရမယ့်ပုံပါပဲ။

စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်တီဗီနဲ့ အခြားသောစမတ်ပစ္စည်းတွေကို ထုတ်လုပ်ရတာ အားမရသေးပဲ ယခုတော့ စမတ်ခေါင်းအုံးကိုပါ တီထွင်ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ကတော့ Huawei Smart Latex Pillow အမည်ရ စမတ်ခေါင်းအုံးကို မိတ်ဆက်လိုက်ပါပြီ။အဆိုပါစမတ်ခေါင်းအုံးက အသုံးပြသူရဲ့ အိပ်စက်မှုကို စောင့်ကြည့်အကဲဖြတ်ပေးမယ်လို့လည်း ဆိုထားပါတယ်။စမတ်ခေါင်းအုံးကို အလွှာနှစ်ထပ်နဲ့ ပြုလုပ်ထားပြီး သုံးစွဲသူမှ လိုအပ်သလို  အနိမ့် အမြင့် ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ဒါ့အပြင် အသုံးပြုသူ ဇက်ကြောမနာကြင်အောင်လည်း ခေါင်းအုံးဒီဇိုင်းပိုင်းကို အထူးဂရုစိုက်ထားတယ် လို့လည်း ဆိုပါတယ်။

Huawei Smart Latex Pillow မှာ အလွန်ပါးလွှာတဲ့ အာရုံခံကိရိယာလေးတွေ ပါဝင်ပြီး အိပ်စက်မှု၊ နှလုံးခုန်နှုန်း၊ အသက်ရှုမှုနဲ့ အိပ်စက်ချိန်တွင်း လှုပ်ရှားမှုတွေကို စောင့်ကြည့်အကဲဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

 Huawei ရဲ့ စမတ်ခေါင်းအုံးကို Huawei Smart Life App နဲ့ တွဲဖက်အသုံးပြုပြီး မိမိရဲ့ အိပ်စက်မှု‌အခြေအနေတွေကို အကဲဖြတ်ကြည့်ရှုနိုင်မယ်လို့လည်း ဆိုပါတယ်။

Damien

( Zawgyi )

နည္းပညာကုမၸဏီႀကီးေတြကေတာ့ အၿမဲကိုတီထြင္ႀကံဆေနတယ္လို႔ ဆိုရမယ့္ပုံပါပဲ။

စမတ္ဖုန္း၊ စမတ္နာရီ၊ စမတ္တီဗီနဲ႔ အျခားေသာစမတ္ပစၥည္းေတြကို ထုတ္လုပ္ရတာ အားမရေသးပဲ ယခုေတာ့ စမတ္ေခါင္းအုံးကိုပါ တီထြင္ထုတ္လုပ္လိုက္တယ္လို႔ သိရပါတယ္။

တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei ကေတာ့ Huawei Smart Latex Pillow အမည္ရ စမတ္ေခါင္းအုံးကို မိတ္ဆက္လိုက္ပါၿပီ။အဆိုပါစမတ္ေခါင္းအုံးက အသုံးျပသူရဲ႕ အိပ္စက္မႈကို ေစာင့္ၾကည့္အကဲျဖတ္ေပးမယ္လို႔လည္း ဆိုထားပါတယ္။စမတ္ေခါင္းအုံးကို အလႊာႏွစ္ထပ္နဲ႔ ျပဳလုပ္ထားၿပီး သုံးစြဲသူမွ လိုအပ္သလို  အနိမ့္ အျမင့္ ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။ဒါ့အျပင္ အသုံးျပဳသူ ဇက္ေၾကာမနာၾကင္ေအာင္လည္း ေခါင္းအုံးဒီဇိုင္းပိုင္းကို အထူးဂ႐ုစိုက္ထားတယ္ လို႔လည္း ဆိုပါတယ္။

Huawei Smart Latex Pillow မွာ အလြန္ပါးလႊာတဲ့ အာ႐ုံခံကိရိယာေလးေတြ ပါဝင္ၿပီး အိပ္စက္မႈ၊ ႏွလုံးခုန္ႏႈန္း၊ အသက္ရႈမႈနဲ႔ အိပ္စက္ခ်ိန္တြင္း လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္အကဲျဖတ္ေပးသြားမွာ ျဖစ္ပါတယ္။

 Huawei ရဲ႕ စမတ္ေခါင္းအုံးကို Huawei Smart Life App နဲ႔ တြဲဖက္အသုံးျပဳၿပီး မိမိရဲ႕ အိပ္စက္မႈ‌အေျခအေနေတြကို အကဲျဖတ္ၾကည့္ရႈႏိုင္မယ္လို႔လည္း ဆိုပါတယ္။

Damien