【 နည်းပညာ 】 Meta ရဲ့ လူမှုကွန်ရက်တွေ မတ်လအတွင်း ဒုတိယအကြိမ်မြောက် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့

【 နည်းပညာ 】 Meta ရဲ့ လူမှုကွန်ရက်တွေ မတ်လအတွင်း ဒုတိယအကြိမ်မြောက် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့

ကယ်လီဖိုးနီးယား၊ မတ် - ၂၂

Meta ကုမ္ပဏီလက်အောက်မှာရှိတဲ့ အထင်ကရ လူမှုကွန်ရက်တွေဟာ ယခုမတ်လအတွင်းမှာပဲ ဒုတိယအကြိမ်မြောက် ချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ အသုံးပြုသူတွေဆီကနေ သိရပါတယ်။

Facebook ၊ Instagram ၊ Messenger နဲ့ Threads အစရှိတဲ့ လူမှုကွန်ရက်တွေဟာ Meta ကုမ္ပဏီရဲ့ လက်အောက်မှာ တည်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ညပိုင်းအချိန်မှာတော့ Facebook နဲ့ Messenger လူမှုကွန်ရက်တွေမှာ ချို့ယွင်းချက်တွေဖြစ်ပေါ်ခဲ့တယ်လို့ အသုံးပြုသူတွေက ဆိုပါတယ်။ Facebook လူမှုကွန်ရက်မှာ My Day ကဏ္ဍတွေကို နာရီပိုင်းအတွင်း ကြည့်ရှုနိုင်ခြင်းမရှိတော့သလို၊ Messenger မှာလည်း Online ရှိနေတဲ့သူ Active Now မပေါ်တော့တာတွေ ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ အသုံးပြုသူတွေ ၎င်းလူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပြု ရေးသားခဲ့တာတွေ မြင်တွေ့ခဲ့ရပါတယ်။နာရီပိုင်းအကြာမှာတော့ အဆိုပါချို့ယွင်းချက်တွေ ပြန်လည်ကောင်းမွန်သွားခဲ့တယ်လို့လည်း အသုံးပြုသူတွေက ပြောပါတယ်။

Meta လက်အောက်မှာရှိတဲ့ Facebook ၊ Instagram ၊ Messenger နဲ့ Threads လူမှုကွန်ရက်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုမရတော့ဘဲ အချိန်အနည်းငယ်ရပ်ဆိုင်းသွားခဲ့ဖူးပြီး၊ မတ်လ ၂၀ ရက်နေ့မှာတော့ ဒုတိယအကြိမ်မြောက် ချို့ယွင်းမှု ထပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့ လူမှုကွန်ရက်တွေ နာရီပိုင်းကြာ ချို့ယွင်းမှုကြောင့် Meta ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေဟာ ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး၊ CEO ဖြစ်သူ မာ့ခ် ဇူကာဘတ်ဟာလည်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါး ဆုံးရှုံးသွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

Damien
Ref - bristolpost