【 နည်းပညာ 】Lenovo Z6 Pro, 100MP ကင်မရာနဲ့ ပွဲထွက်လာမှာလား

【 နည်းပညာ 】Lenovo Z6 Pro, 100MP ကင်မရာနဲ့ ပွဲထွက်လာမှာလား

၂၀၁၉ ခုနှစ် မှာတော့ စမတ်ဖုန်းထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ ၎င်းတို့ ဖုန်းတွေရဲ့ ကင်မရာပိုင်းကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် အပြိုင်အဆိုင်ကြိုးစားခဲ့ကြတာ မြင်တွေ့ခဲ့ရပါတယ်။

အချို့သော ကုမ္ပဏီကြီးတွေကတော့ Leica, Sony တို့လို ကင်မရာထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ၎င်းတို့ ထုတ်ကုန်တွေရဲ့ ကင်မရာတွေကို အဆင့်မြှင့်တင်ခဲ့ကြတာပါ။

Xaiomi ရဲ့ 48MP ကင်မရာပါတဲ့ Redmi Note 7 ထွက်ပေါ်အပြီးမှာ Vivo, Oppo, Meizu နဲ့ Hauwei တို့ကလည်း အပြိုင်အဆိုင် 48MP ကင်မရာပါဝင်တဲ့ ဖုန်းတွေကို ထုတ်လုပ်ခဲ့ကြပါတယ်။လက်ရှိ ကင်မရာအကောင်းဆုံး စမတ်ဖုန်းကလည်း Huawei ရဲ့ P30 series ဖြစ်တယ်လို့ စမ်းသပ်ခဲ့တဲ့ ရမှတ်တွေအရ သိရပါတယ်။

အခုချိန်မှာတော့ စမတ်ဖုန်းလောကမှာ ငြိမ်သက်နေတယ်လို့ ဆိုရမယ့် Lenovo ကုမ္ပဏီမှ သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါ သတင်းကိုတော့ Lenovo ရဲ့ VP ကိုယ်တိုင် တရုတ်လူမှုကွန်ယက် Weibo မှာ ဖော်ပြခဲ့တာပါ၊ ဖော်ပြခဲ့တဲ့ စာသားတွေမှာ Z6 Pro ကို hashtag လုပ်ထားပြီး အခြားသော စာသားတွေကို ဘာသာပြန်ကြည့်တဲ့အခါမှာ 100MP လို့ အဓိပ္ပါယ်ရတဲ့ စာတွေ ပါဝင်ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Lenovo ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် Z6 Pro လို့ ယူဆရပြီး အဆိုပါ ဖုန်းမှာ 100MP ကင်မရာ ပါဝင်လာနိုင်ချေ ရှိပါတယ်။ 100MP ကင်မရာ စမတ်ဖုန်းမှာ ပါဝင်လာနိုင်ပါ့မလားဆိုရင်တော့ ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး အစောပိုင်းကာလတွေတိုးက Qualcomm မှ 100MP ကင်မရာပါတဲ့ ဖုန်းတွေ ယခုနှစ်အတွင်း ထွက်ရှိလာမယ်လို့ အရိပ်အမြွက် ပြောကြားထားပြီးသားပဲ ဖြစ်ပါတယ်။

စမတ်ဖုန်းကုမ္ပဏီတွေဟာ မျက်နှာပြင်ပြည့် ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ပြီးပါပြီ၊ ယခုမှာလည်း ၎င်းတို့ စမတ်ဖုန်းတွေရဲ့ ကင်မရာပိုင်းကို ဘယ်လိုနည်းပညာသစ်တွေနဲ့ ဆန်းသစ်လာကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 ၂၀၁၉ ခုႏွစ္ မွာေတာ့ စမတ္ဖုန္းထုတ္လုပ္တဲ့ နည္းပညာကုမၸဏီႀကီးေတြဟာ ၎တို႔ ဖုန္းေတြရဲ႕ ကင္မရာပိုင္းကို ပိုမိုတိုးတက္ ေကာင္းမြန္လာေအာင္ အၿပိဳင္အဆိုင္ႀကိဳးစားခဲ့ၾကတာ ျမင္ေတြ႕ခဲ့ရပါတယ္။

အခ်ိဳ႕ေသာ ကုမၸဏီႀကီးေတြကေတာ့ Leica, Sony တို႔လို ကင္မရာထုတ္လုပ္တဲ့ ကုမၸဏီေတြနဲ႔ ပူးေပါင္းၿပီး ၎တို႔ ထုတ္ကုန္ေတြရဲ႕ ကင္မရာေတြကို အဆင့္ျမႇင့္တင္ခဲ့ၾကတာပါ။

Xaiomi ရဲ႕ 48MP ကင္မရာပါတဲ့ Redmi Note 7 ထြက္ေပၚအၿပီးမွာ Vivo, Oppo, Meizu နဲ႔ Hauwei တို႔ကလည္း အၿပိဳင္အဆိုင္ 48MP ကင္မရာပါဝင္တဲ့ ဖုန္းေတြကို ထုတ္လုပ္ခဲ့ၾကပါတယ္။လက္ရွိ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းကလည္း Huawei ရဲ႕ P30 series ျဖစ္တယ္လို႔ စမ္းသပ္ခဲ့တဲ့ ရမွတ္ေတြအရ သိရပါတယ္။

အခုခ်ိန္မွာေတာ့ စမတ္ဖုန္းေလာကမွာ ၿငိမ္သက္ေနတယ္လို႔ ဆိုရမယ့္ Lenovo ကုမၸဏီမွ သတင္းတစ္ခုထြက္ေပၚလာခဲ့ပါတယ္။အဆိုပါ သတင္းကိုေတာ့ Lenovo ရဲ႕ VP ကိုယ္တိုင္ တ႐ုတ္လူမႈကြန္ယက္ Weibo မွာ ေဖာ္ျပခဲ့တာပါ၊ ေဖာ္ျပခဲ့တဲ့ စာသားေတြမွာ Z6 Pro ကို hashtag လုပ္ထားၿပီး အျခားေသာ စာသားေတြကို ဘာသာျပန္ၾကည့္တဲ့အခါမွာ 100MP လို႔ အဓိပၸါယ္ရတဲ့ စာေတြ ပါဝင္ေဖာ္ျပထားတာပဲ ျဖစ္ပါတယ္။

Lenovo ရဲ႕ ေနာက္ထပ္ထြက္ရွိလာမယ့္ Z6 Pro လို႔ ယူဆရၿပီး အဆိုပါ ဖုန္းမွာ 100MP ကင္မရာ ပါဝင္လာႏိုင္ေခ် ရွိပါတယ္။ 100MP ကင္မရာ စမတ္ဖုန္းမွာ ပါဝင္လာႏိုင္ပါ့မလားဆိုရင္ေတာ့ ဒါဟာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး အေစာပိုင္းကာလေတြတိုးက Qualcomm မွ 100MP ကင္မရာပါတဲ့ ဖုန္းေတြ ယခုႏွစ္အတြင္း ထြက္ရွိလာမယ္လို႔ အရိပ္အႁမြက္ ေျပာၾကားထားၿပီးသားပဲ ျဖစ္ပါတယ္။

စမတ္ဖုန္းကုမၸဏီေတြဟာ မ်က္ႏွာျပင္ျပည့္ ဖုန္းေတြကို အၿပိဳင္အဆိုင္ ထုတ္လုပ္ခဲ့ၿပီးပါၿပီ၊ ယခုမွာလည္း ၎တို႔ စမတ္ဖုန္းေတြရဲ႕ ကင္မရာပိုင္းကို ဘယ္လိုနည္းပညာသစ္ေတြနဲ႔ ဆန္းသစ္လာၾကမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါတယ္။

Damien