【 အနုပညာ 】လူရွှင်တော် ချွန်စက် ကွယ်လွန်

【  အနုပညာ  】လူရွှင်တော် ချွန်စက် ကွယ်လွန်

မြန်မာ့ရုပ်မြင်သံကြားအငြိမ့်ခန်းတွေမှာ တခေတ်တခါကာလက မိုးနတ်သူဇာအငြိမ့်နဲ့အတူ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ လူရွှင်တော် ချွန်စက်ဟာ ဒီကနေ့(ဒီဇင်ဘာ ၂၅ ရက်) မနက် ၅ နာရီလောက်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
 
“တကယ်ပါပဲ၊ ကျွန်တော်တို့နဲ့အတူတူ မိုးနတ်သူဇာအငြိမ့်မှာ ဇာဂနာတို့အပါအဝင် ဝါရင့်လူရွှင်တော်တွေနဲ့ ဖျော်ဖြေခဲ့ဖူးပါတယ်၊ အလွန်လည်း စိတ်မကောင်းဖြစ်ရပါတယ်” လို့ လူရွှင်တော် ငှက်ပျောကြော်က အတည်ပြု ပြောကြားပါတယ်။ လူရွှင်တော် ချွန်စက် (ခ) ဦးမျိုးဟန်ဟာ RIT ကျောင်းရဲ့ စွယ်တော်ရိပ်အငြိမ့်အဖွဲ့ရဲ့ လူရွှင်တော်တစ်ဦးလည်း ဖြစ်သလို ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်ရှိပြီလို့ သိရပါတယ်။ သူဟာ COVID 19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာပြီးနောက် ယခုလိုကွယ်လွန်ခဲ့ကြောင်း၊ ၎င်းနဲ့နီးစပ်သူတွေထဲမှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့တာလို့ ပြောပြသူတွေရှိသလို COVID 19 ရဲ့ နောက်ဆက်တွဲသက်ရောက်မှုကြောင့် ကွယ်လွန်တာလို့ ပြောဆိုကြပေမယ့် မိသားစုထံဆက်သွယ်တဲ့အခါ ပြောဆိုရှင်းလင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
 
မကြာသေးခင်ကာလဖြစ်တဲ့ လွန်ခဲ့တဲ့အပတ်ထဲမှာလည်း ဝါရင့် လူရွှင်တော်တစ်ဦးဖြစ်တဲ့ ဧရာဟာ COVID 19 ကူးစက် ခံရပြီး ဆုံးပါးခဲ့တဲ့ ဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ- MyoHan)
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
 
(  Zawgyi  )
 
 ျမန္မာ့႐ုပ္ျမင္သံၾကားအၿငိမ့္ခန္းေတြမွာ တေခတ္တခါကာလက မိုးနတ္သူဇာအၿငိမ့္နဲ႔အတူ ေဖ်ာ္ေျဖတင္ဆက္ခဲ့တဲ့ လူ႐ႊင္ေတာ္ ခြၽန္စက္ဟာ ဒီကေန႔(ဒီဇင္ဘာ ၂၅ ရက္) မနက္ ၅ နာရီေလာက္က ကြယ္လြန္သြားတယ္လို႔ သိရပါတယ္။
 
“တကယ္ပါပဲ၊ ကြၽန္ေတာ္တို႔နဲ႔အတူတူ မိုးနတ္သူဇာအၿငိမ့္မွာ ဇာဂနာတို႔အပါအဝင္ ဝါရင့္လူ႐ႊင္ေတာ္ေတြနဲ႔ ေဖ်ာ္ေျဖခဲ့ဖူးပါတယ္၊ အလြန္လည္း စိတ္မေကာင္းျဖစ္ရပါတယ္” လို႔ လူ႐ႊင္ေတာ္ ငွက္ေပ်ာေၾကာ္က အတည္ျပဳ ေျပာၾကားပါတယ္။ လူ႐ႊင္ေတာ္ ခြၽန္စက္ (ခ) ဦးမ်ိဳးဟန္ဟာ RIT ေက်ာင္းရဲ႕ စြယ္ေတာ္ရိပ္အၿငိမ့္အဖြဲ႕ရဲ႕ လူ႐ႊင္ေတာ္တစ္ဦးလည္း ျဖစ္သလို ကြယ္လြန္ခ်ိန္မွာ အသက္ ၆၃ ႏွစ္ရွိၿပီလို႔ သိရပါတယ္။ သူဟာ COVID 19 ကူးစက္ခံရၿပီး ျပန္လည္ေကာင္းမြန္လာၿပီးေနာက္ ယခုလိုကြယ္လြန္ခဲ့ေၾကာင္း၊ ၎နဲ႔နီးစပ္သူေတြထဲမွာ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္ခဲ့တာလို႔ ေျပာျပသူေတြရွိသလို COVID 19 ရဲ႕ ေနာက္ဆက္တြဲသက္ေရာက္မႈေၾကာင့္ ကြယ္လြန္တာလို႔ ေျပာဆိုၾကေပမယ့္ မိသားစုထံဆက္သြယ္တဲ့အခါ ေျပာဆိုရွင္းလင္းႏိုင္ျခင္း မရွိခဲ့ပါဘူး။
 
မၾကာေသးခင္ကာလျဖစ္တဲ့ လြန္ခဲ့တဲ့အပတ္ထဲမွာလည္း ဝါရင့္ လူ႐ႊင္ေတာ္တစ္ဦးျဖစ္တဲ့ ဧရာဟာ COVID 19 ကူးစက္ ခံရၿပီး ဆုံးပါးခဲ့တဲ့ ျဖစ္ရပ္မ်ိဳးႀကဳံေတြ႕ခဲ့ပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- MyoHan)
ရန္ကုန္၊ ဒီဇင္ဘာ ၂၅