【 အနုပညာ 】အိမ်မှာနေရင်းနဲ့ပဲ New Year ကို ကျော်ဖြတ်ဖို့ပြင်ဆင်ထားတဲ့ Sexy Model သဇင်ဦး

【  အနုပညာ  】အိမ်မှာနေရင်းနဲ့ပဲ New Year ကို ကျော်ဖြတ်ဖို့ပြင်ဆင်ထားတဲ့ Sexy Model သဇင်ဦး

လာမယ့် ၂၀၂၀ အကုန် နှစ်သစ်ကူး New Year ကာလကို အိမ်မှာနေရင်းနဲ့ပဲ ကျော်ဖြတ်သွားဖို့ ပြင်ဆင် ထားတယ်လို့ Sexy Model တစ်ယောက်ဖြစ်တဲ့ သဇင်ဦးက ပြောကြားခဲ့ပါတယ်။
 
“ဒီနှစ်လည်း သဇင် Happy New Year က အိမ်မှာပဲရှိမှာလေ၊ အခုက ဘယ်မှမထွက်ကြဘူး၊ သွားစရာ နေရာတွေ ကျတော့လည်း တော်ရုံမသွားရဲကြဘူး၊ ခိုးဖွင့်နေကြတာတွေဆိုတော့လေ၊ Offical မဖွင့်သေးတော့ မသွားရဲဘူး၊ ဒါကြောင့် New Year မှာ သဇင်က အိမ်မှာပါပဲ၊ ဒီလိုမျိုးနေတာကလည်း အထီးကျန်တယ်လို့ တစ်ခါခါ ခံစားရတယ်၊ ဒါပေမဲ့လည်း Single ဖြစ်ရတာ အားသာချက်တွေအများကြီးရှိတယ်၊ ဥပမာ သူငယ်ချင်းတွေ စုပြီးခရီးသွားမယ်ဆိုရင်တောင် ဘဲကိုခွင့်တောင်းစရာမလိုဘူး၊ မိဘတောင်မှ အဲ့ဒီလောက်အထိ အရမ်းကြီး ခွင့်တောင်းစရာမလိုဘူး၊ ဘယ်နားသွားမယ်ဆိုရင် ချက်ချင်းအထုပ်ကောက်ဆွဲပြီး လိုက်သွားရုံပဲ၊ အဓိကကလေ ကိုယ့်ရဲ့စိတ်ကို ကိုယ်ပိုင်တယ်ပေါ့၊ နှစ်ယောက်ဖြစ်သွားပြီဆိုရင် ကိုယ့်ရဲ့စိတ်ကိုကိုယ် မပိုင်တော့ဘူး၊ ဘာလုပ်လုပ် သူ့ကိုလည်း ခွင့်တောင်းပြီးတော့ လုပ်နေရတော့မယ်၊ သူမကြိုက်တာ တစ်ခုခုများ လုပ်မိရင် စကားများမယ်၊ ရန်ဖြစ်မယ် အဲ့ဒါမျိုးတွေ Stress ရှိတယ်၊ အခုလည်း သမီးရည်းစားတွေ အရမ်းချစ်ပါတယ်လို့ ပြောပြီးတော့မှ ဂရုစိုက်မခံရတဲ့အတွဲတွေ အများကြီးရှိတယ်။
 
 အဲ့ဒီအတွက် ကိုယ့်ရဲ့လက်ရှိ Single ဘဝကို အားကျတယ်၊  နှစ်သက်မိတယ်၊ ဒါပေမဲ့ တစ်ခါခါတော့ သူများတွေ RO သလို RO ကြည့်ချင်တယ်”လို့ ၎င်းက ရှင်းပြပါတယ်။
 
သူမအနေနဲ့ လက်ရှိကာလမှာ Music Video လေးတွေ ရိုက်ဖြစ်နေသလို မန္တလေးဘက်ကို သွားရောက် ရိုက်ကူးဖို့ရှိနေပေမယ့် COVID 19 ကြောင့် လမ်းကြော အခြေအနေ ကြည့်နေကြောင်း၊ ဓာတ်ပုံရိုက်တာတွေ၊ အွန်လိုင်းမှာ ကြော်ငြာတာတွေကိုသာ လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။
 
 “နှစ်ဟောင်းကနေ နှစ်သစ် အကူးမှာ စိတ်သစ်လူသစ်နဲ့ အဆင်ပြေပါစေလို့ သဇင်က ဆုတောင်းပေးပါတယ်၊ ပရိသတ်အားလုံးလည်း ကျန်းမာကြပါစေ၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ 
 
(  Zawgyi  )
 
 လာမယ့္ ၂၀၂၀ အကုန္ ႏွစ္သစ္ကူး New Year ကာလကို အိမ္မွာေနရင္းနဲ႔ပဲ ေက်ာ္ျဖတ္သြားဖို႔ ျပင္ဆင္ ထားတယ္လို႔ Sexy Model တစ္ေယာက္ျဖစ္တဲ့ သဇင္ဦးက ေျပာၾကားခဲ့ပါတယ္။
 
“ဒီႏွစ္လည္း သဇင္ Happy New Year က အိမ္မွာပဲရွိမွာေလ၊ အခုက ဘယ္မွမထြက္ၾကဘူး၊ သြားစရာ ေနရာေတြ က်ေတာ့လည္း ေတာ္႐ုံမသြားရဲၾကဘူး၊ ခိုးဖြင့္ေနၾကတာေတြဆိုေတာ့ေလ၊ Offical မဖြင့္ေသးေတာ့ မသြားရဲဘူး၊ ဒါေၾကာင့္ New Year မွာ သဇင္က အိမ္မွာပါပဲ၊ ဒီလိုမ်ိဳးေနတာကလည္း အထီးက်န္တယ္လို႔ တစ္ခါခါ ခံစားရတယ္၊ ဒါေပမဲ့လည္း Single ျဖစ္ရတာ အားသာခ်က္ေတြအမ်ားႀကီးရွိတယ္၊ ဥပမာ သူငယ္ခ်င္းေတြ စုၿပီးခရီးသြားမယ္ဆိုရင္ေတာင္ ဘဲကိုခြင့္ေတာင္းစရာမလိုဘူး၊ မိဘေတာင္မွ အဲ့ဒီေလာက္အထိ အရမ္းႀကီး ခြင့္ေတာင္းစရာမလိုဘူး၊ ဘယ္နားသြားမယ္ဆိုရင္ ခ်က္ခ်င္းအထုပ္ေကာက္ဆြဲၿပီး လိုက္သြား႐ုံပဲ၊ အဓိကကေလ ကိုယ့္ရဲ႕စိတ္ကို ကိုယ္ပိုင္တယ္ေပါ့၊ ႏွစ္ေယာက္ျဖစ္သြားၿပီဆိုရင္ ကိုယ့္ရဲ႕စိတ္ကိုကိုယ္ မပိုင္ေတာ့ဘူး၊ ဘာလုပ္လုပ္ သူ႔ကိုလည္း ခြင့္ေတာင္းၿပီးေတာ့ လုပ္ေနရေတာ့မယ္၊ သူမႀကိဳက္တာ တစ္ခုခုမ်ား လုပ္မိရင္ စကားမ်ားမယ္၊ ရန္ျဖစ္မယ္ အဲ့ဒါမ်ိဳးေတြ Stress ရွိတယ္၊ အခုလည္း သမီးရည္းစားေတြ အရမ္းခ်စ္ပါတယ္လို႔ ေျပာၿပီးေတာ့မွ ဂ႐ုစိုက္မခံရတဲ့အတြဲေတြ အမ်ားႀကီးရွိတယ္။
 
 အဲ့ဒီအတြက္ ကိုယ့္ရဲ႕လက္ရွိ Single ဘဝကို အားက်တယ္၊  ႏွစ္သက္မိတယ္၊ ဒါေပမဲ့ တစ္ခါခါေတာ့ သူမ်ားေတြ RO သလို RO ၾကည့္ခ်င္တယ္”လို႔ ၎က ရွင္းျပပါတယ္။
 
သူမအေနနဲ႔ လက္ရွိကာလမွာ Music Video ေလးေတြ ႐ိုက္ျဖစ္ေနသလို မႏၲေလးဘက္ကို သြားေရာက္ ႐ိုက္ကူးဖို႔ရွိေနေပမယ့္ COVID 19 ေၾကာင့္ လမ္းေၾကာ အေျခအေန ၾကည့္ေနေၾကာင္း၊ ဓာတ္ပုံ႐ိုက္တာေတြ၊ အြန္လိုင္းမွာ ေၾကာ္ျငာတာေတြကိုသာ လုပ္ေဆာင္ေနခဲ့တယ္လို႔ သိရပါတယ္။
 
 “ႏွစ္ေဟာင္းကေန ႏွစ္သစ္ အကူးမွာ စိတ္သစ္လူသစ္နဲ႔ အဆင္ေျပပါေစလို႔ သဇင္က ဆုေတာင္းေပးပါတယ္၊ ပရိသတ္အားလုံးလည္း က်န္းမာၾကပါေစ၊ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ၾကပါ” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ ၂၈