【 အနုပညာ 】 ကာရိုက်တာမျိုးစုံ သရုပ်ဆောင်ချင်သေးတယ်ဆိုတဲ့ ထူးခန့်ကျော်

【 အနုပညာ  】 ကာရိုက်တာမျိုးစုံ သရုပ်ဆောင်ချင်သေးတယ်ဆိုတဲ့ ထူးခန့်ကျော်

MRTV 4 ရုပ်သံလိုင်းကနေ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ ကင်းအောင်နေ”လို့နာမည်ရတဲ့ ရုပ်သံ ဇာတ်လမ်းတွဲမှာ “ဗေဒါ”ဆိုတဲ့ ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ ထူးခန့်ကျော်ဟာ အခွင့်သင့်ရင် ကာရိုက်တာ မျိုးစုံကို သရုပ်ဆောင်ချင်သေးတယ်လို့ ပြောပါတယ်။
               
သူဟာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့အပြင် တစ်ဖက်ကလည်း တိုင်းရင်းဆေးကုဆရာတစ်ဦး လည်း ဖြစ်ပြီး ဇာတ်ကားများစွာမှာလည်း ပိုင်ပိုင်နိုင်နိုင်ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း၊ ယခုပြသနေတဲ့ ဇာတ်လမ်း တွဲနဲ့ ပတ်သက်ပြီး ပရိသတ်အများအပြားကို အရင်ကထက်ပိုမိုရရှိခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျရောက်ခဲ့တဲ့ သူ့မွေးနေ့မှာလည်း ပရိသတ်တွေက Surprise လုပ်တဲ့အနေနဲ့ ပေးပို့သော သူ့ဓာတ်ပုံနဲ့မွေးနေ့ကိတ်ကို လက်ခံ ရရှိခဲ့တယ်လို့ သိရပါတယ်။ 
               
“ကျွန်တော့် အနုပညာသက်တမ်း တစ်​ေလျှောက်မှာ အခုလိုမျိုး ရင်ဘတ်ထဲကနေ အသိမှတ်ပြုခံရတာမျိုး တစ်ခါမှမကြုံဖူးပါဘူး၊ အခုကျွန်တော်အရမ်းပီတိဖြစ်ခဲ့ရပါတယ်၊ ကိုဗေဒါကြီးကို ချစ်ခင်အားပေးတဲ့ ပရိသတ် တစ်ယောက်စီတိုင်းကို ကျေးဇူးလည်းတင်ပါတယ်၊ ကျွန်တော် ဒီထက်ပိုကြိုးစားပါဦးမယ်၊ အခွင့်သင့်ရင်သင့်သလို ကာရိုက်တာမျိုးစုံအတွက် သရုပ်ဆောင်ချင်ပါသေးတယ်၊ အခုလိုလည်း အားပေးကြပါဦးဗျာ”လို့ သူက ပြောပါ တယ်။
                
သူဟာ သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့အပြင် သူ့ရဲ့အနုပညာသက်တမ်းဟာ ဆယ်စုနှစ်ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် ယခုနောက်ပိုင်းကျမှ အားပေးသူ ပိုများ လာတယ်လို့ သိရပါတယ်။
               
“ကျွန်တော့်ကို ချစ်ခင်အားပေးရကျိုးနပ်အောင် ကျွန်တော်ကြိုးစားမှာပါ၊ အားလုံးလည်း ကျန်းမာ ချမ်းသာ ကြ ပါစေ၊ ဝမ်းသာပျော်ရွှင်ကြပါစေ”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ- ထူးခန့်ကျော်)
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ 
 
(  Zawgyi  )
 
 MRTV 4 ႐ုပ္သံလိုင္းကေန လက္ရွိထုတ္လႊင့္ျပသေနတဲ့ “မမွီဝဲနဲ႔ ကင္းေအာင္ေန”လို႔နာမည္ရတဲ့ ႐ုပ္သံ ဇာတ္လမ္းတြဲမွာ “ေဗဒါ”ဆိုတဲ့ ဇာတ္႐ုပ္ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ထူးခန႔္ေက်ာ္ဟာ အခြင့္သင့္ရင္ ကာ႐ိုက္တာ မ်ိဳးစုံကို သ႐ုပ္ေဆာင္ခ်င္ေသးတယ္လို႔ ေျပာပါတယ္။
               
သူဟာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနတဲ့အျပင္ တစ္ဖက္ကလည္း တိုင္းရင္းေဆးကုဆရာတစ္ဦး လည္း ျဖစ္ၿပီး ဇာတ္ကားမ်ားစြာမွာလည္း ပိုင္ပိုင္ႏိုင္ႏိုင္ပါဝင္သ႐ုပ္ေဆာင္ခဲ့ေၾကာင္း၊ ယခုျပသေနတဲ့ ဇာတ္လမ္း တြဲနဲ႔ ပတ္သက္ၿပီး ပရိသတ္အမ်ားအျပားကို အရင္ကထက္ပိုမိုရရွိခဲ့တဲ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ က်ေရာက္ခဲ့တဲ့ သူ႔ေမြးေန႔မွာလည္း ပရိသတ္ေတြက Surprise လုပ္တဲ့အေနနဲ႔ ေပးပို႔ေသာ သူ႔ဓာတ္ပုံနဲ႔ေမြးေန႔ကိတ္ကို လက္ခံ ရရွိခဲ့တယ္လို႔ သိရပါတယ္။ 
               
“ကြၽန္ေတာ့္ အႏုပညာသက္တမ္း တစ္​ေေလွ်ာက္မွာ အခုလိုမ်ိဳး ရင္ဘတ္ထဲကေန အသိမွတ္ျပဳခံရတာမ်ိဳး တစ္ခါမွမႀကဳံဖူးပါဘူး၊ အခုကြၽန္ေတာ္အရမ္းပီတိျဖစ္ခဲ့ရပါတယ္၊ ကိုေဗဒါႀကီးကို ခ်စ္ခင္အားေပးတဲ့ ပရိသတ္ တစ္ေယာက္စီတိုင္းကို ေက်းဇူးလည္းတင္ပါတယ္၊ ကြၽန္ေတာ္ ဒီထက္ပိုႀကိဳးစားပါဦးမယ္၊ အခြင့္သင့္ရင္သင့္သလို ကာ႐ိုက္တာမ်ိဳးစုံအတြက္ သ႐ုပ္ေဆာင္ခ်င္ပါေသးတယ္၊ အခုလိုလည္း အားေပးၾကပါဦးဗ်ာ”လို႔ သူက ေျပာပါ တယ္။
                
သူဟာ သဘာဝက်က်သ႐ုပ္ေဆာင္ႏိုင္တဲ့အျပင္ သူ႔ရဲ႕အႏုပညာသက္တမ္းဟာ ဆယ္စုႏွစ္ကာလတစ္ခုကို ေရာက္ရွိလာခဲ့ၿပီး ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေပမယ့္ ယခုေနာက္ပိုင္းက်မွ အားေပးသူ ပိုမ်ား လာတယ္လို႔ သိရပါတယ္။
               
“ကြၽန္ေတာ့္ကို ခ်စ္ခင္အားေပးရက်ိဳးနပ္ေအာင္ ကြၽန္ေတာ္ႀကိဳးစားမွာပါ၊ အားလုံးလည္း က်န္းမာ ခ်မ္းသာ ၾက ပါေစ၊ ဝမ္းသာေပ်ာ္႐ႊင္ၾကပါေစ”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- ထူးခန႔္ေက်ာ္)
ရန္ကုန္၊ ဒီဇင္ဘာ ၂၇