【 အနုပညာ 】COVID အခြေအနေပေါ်မူတည်ကာ ဇာတ်ကားရိုက်ကူးခွင့်အတွက် ပြင်ဆင်နေတဲ့နေခြည်ရွှန်းလက်

【  အနုပညာ  】COVID အခြေအနေပေါ်မူတည်ကာ ဇာတ်ကားရိုက်ကူးခွင့်အတွက် ပြင်ဆင်နေတဲ့နေခြည်ရွှန်းလက်

MRTV-4 ရဲ့ ဇာတ်လမ်းတွဲတွေထဲကနေ ပရိသတ်သိလာတဲ့ သရုပ်ဆောင် နေခြည်ရွှန်းလက်ဟာ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်ကားတွေရှိပေမယ့် နယ်မှာရိုက်ကူးရမယ့်အခြေအနေမျိုးဖြစ်နေတာကြောင့် COVID 19 အခြေအနေပေါ်မူတည်ကာ စောင့်ဆိုင်းပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
“အခုအချိန်မှာ ရိုက်ကူးခွင့်မရသေးဘူး၊ နေခြည်ရဲ့ ကားနှစ်ကားစလုံးက နယ်မှာရိုက်ဖို့ရှိတာ၊ Location ကလည်း နယ်မှာ ဆိုတော့ ဘယ်လိုမှ ပြောင်းလို့မရဘူး၊ နယ်မှာ သွားရိုက်ဖို့ အချိန်တစ်ခုစောင့်နေတာ၊ ပရိသတ်တွေနဲ့လည်း မမေ့ကြပါနဲ့နော်၊ ဇာတ်လမ်းတွဲတွေ တော်တော်များများရဲ့ ရိုက်ကူးရေးက နယ်မှာလေ၊ ရိုက်ကူးရေး တစ်ခု လုပ်ပြီဆိုရင် လူတွေက အများကြီးနဲ့ဆိုတော့ အခုက COVID အခြေအနေနဲ့ စောင့်နေတာ” လို့ ၎င်းက ရှင်းပြပါတယ်။ 
 
သူမဟာ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသူတစ်ဦးလည်းဖြစ်သလို MRTV 4 မှာ လုပ်ကိုင်ရင်း ဇာတ်လမ်းတွဲတွေထဲ သရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရနေသူလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း Music Video တွေရိုက်ကူးထားသလို ဆက်လက်ရိုက်ကူးဖို့ ပြောဆိုထားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
 
“မနှစ်တုန်းက အခုလို New Year Count Down ဆိုရင် ပရိသတ်တွေအများကြီး ပျော်ကြရွှင်ကြနဲ့ ဒီနှစ်တော့ MRTV 4 မှာ အွန်လိုင်းပွဲအနေနဲ့ နေခြည်တို့ လုပ်နေပါတယ်၊ ဒီနှစ်မှာက ဖန်သားပြင်ကပဲ တင်ဆက်ကြတာ ဖြစ်ပါတယ်၊ ဂိမ်းတွေလည်း ကစားတယ်၊ မနှစ်ကလိုတော့ ပွဲကြီးမျိုးမလုပ်ရဘူးပေါ့၊ ပရိသတ်တွေအနေနဲ့ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ၊ နောင်နှစ်မှာ အခု ၂၀၂၀ ထဲကြုံနေရတဲ့ အခြေအနေတွေကို ကိုယ့်ကိုယ်ကို သင်ခန်းစာယူပြီးတော့ ၂၀၂၁ မှာ ကိုယ့်ကိုယ်ကို ပိုချစ်ပိုတန်ဖိုးထားပြီး ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်နိုင်ကြပါစေ၊ စီးပွားလာဘ်လာဘတွေလည်း တိုးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ ၎င်းက နှစ်သစ် ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။ 
 
မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG) 
 
(  Zawgyi  )
 
 MRTV-4 ရဲ႕ ဇာတ္လမ္းတြဲေတြထဲကေန ပရိသတ္သိလာတဲ့ သ႐ုပ္ေဆာင္ ေနျခည္႐ႊန္းလက္ဟာ ႐ိုက္ကူးဖို႔ စီစဥ္ထားတဲ့ ဇာတ္ကားေတြရွိေပမယ့္ နယ္မွာ႐ိုက္ကူးရမယ့္အေျခအေနမ်ိဳးျဖစ္ေနတာေၾကာင့္ COVID 19 အေျခအေနေပၚမူတည္ကာ ေစာင့္ဆိုင္းျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
 
“အခုအခ်ိန္မွာ ႐ိုက္ကူးခြင့္မရေသးဘူး၊ ေနျခည္ရဲ႕ ကားႏွစ္ကားစလုံးက နယ္မွာ႐ိုက္ဖို႔ရွိတာ၊ Location ကလည္း နယ္မွာ ဆိုေတာ့ ဘယ္လိုမွ ေျပာင္းလို႔မရဘူး၊ နယ္မွာ သြား႐ိုက္ဖို႔ အခ်ိန္တစ္ခုေစာင့္ေနတာ၊ ပရိသတ္ေတြနဲ႔လည္း မေမ့ၾကပါနဲ႔ေနာ္၊ ဇာတ္လမ္းတြဲေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ ႐ိုက္ကူးေရးက နယ္မွာေလ၊ ႐ိုက္ကူးေရး တစ္ခု လုပ္ၿပီဆိုရင္ လူေတြက အမ်ားႀကီးနဲ႔ဆိုေတာ့ အခုက COVID အေျခအေနနဲ႔ ေစာင့္ေနတာ” လို႔ ၎က ရွင္းျပပါတယ္။ 
 
သူမဟာ ယဥ္ေက်းမႈတကၠသိုလ္ေက်ာင္းသူတစ္ဦးလည္းျဖစ္သလို MRTV 4 မွာ လုပ္ကိုင္ရင္း ဇာတ္လမ္းတြဲေတြထဲ သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခြင့္ရေနသူလည္းျဖစ္ပါတယ္။ လက္ရွိမွာလည္း Music Video ေတြ႐ိုက္ကူးထားသလို ဆက္လက္႐ိုက္ကူးဖို႔ ေျပာဆိုထားတာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။
 
“မႏွစ္တုန္းက အခုလို New Year Count Down ဆိုရင္ ပရိသတ္ေတြအမ်ားႀကီး ေပ်ာ္ၾက႐ႊင္ၾကနဲ႔ ဒီႏွစ္ေတာ့ MRTV 4 မွာ အြန္လိုင္းပြဲအေနနဲ႔ ေနျခည္တို႔ လုပ္ေနပါတယ္၊ ဒီႏွစ္မွာက ဖန္သားျပင္ကပဲ တင္ဆက္ၾကတာ ျဖစ္ပါတယ္၊ ဂိမ္းေတြလည္း ကစားတယ္၊ မႏွစ္ကလိုေတာ့ ပြဲႀကီးမ်ိဳးမလုပ္ရဘူးေပါ့၊ ပရိသတ္ေတြအေနနဲ႔ ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ၾကပါေစ၊ ေနာင္ႏွစ္မွာ အခု ၂၀၂၀ ထဲႀကဳံေနရတဲ့ အေျခအေနေတြကို ကိုယ့္ကိုယ္ကို သင္ခန္းစာယူၿပီးေတာ့ ၂၀၂၁ မွာ ကိုယ့္ကိုယ္ကို ပိုခ်စ္ပိုတန္ဖိုးထားၿပီး ကိုယ့္ကိုယ္ကို ပိုေကာင္းေအာင္ လုပ္ႏိုင္ၾကပါေစ၊ စီးပြားလာဘ္လာဘေတြလည္း တိုးပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္”လို႔ ၎က ႏွစ္သစ္ ဆုေတာင္းစကား ေျပာၾကားခဲ့ပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- ကိုႏိုင္ NG)