【ဆောင်းပါး】ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံမြို့များနှင့်ဝေဟင်ခရီးစဉ် (၁)

【ဆောင်းပါး】ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံမြို့များနှင့်ဝေဟင်ခရီးစဉ်  (၁)

ကိုဗစ်-၁၉ မတိုင်မီကတည်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မြို့ကြီးများတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ နှစ်နိုင်ငံအတွင်း ထင်ရှားသော မြို့ကြီးများသို့ လည်ပတ်သော ခရီးစဉ်များတွင် နှစ်နိုင်ငံ ပျံသန်း ပြေးဆွဲသော လေကြောင်းလိုင်းများက အလွန်ပဲအရေးပါခဲ့သည်။  ကိုဗစ်ကာလ လွန်မြောက်ပြီး နောက် နှစ်နိုင်ငံ မြို့ကြီးများအကြား လေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။ နှစ်နိုင်ငံလုံးသည် ကြွယ်ဝသောယဉ်ကျေးမှုနှင့် အလှတရားများစွာဖြင့် ဆွဲဆောင်မှုရှိသော ခရီးစဉ် ဒေသ များစွာရှိသည်။

လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲလာနိုင်သဖြင့် တရုတ်နိုင်ငံမှ မြို့ကြီးများ၏ ယဉ်ကျေးမှုနှင့် အလှ အပများကို လွယ်လင့်တကူ သွားရောက်လည်ပတ် ခံစားနိုင်သလို ရန်ကုန်မြို့နှင့်မန္တလေးမြို့၏ ထင်ရှားသော ခရီး စဉ်များ ကို လည်း တရုတ်ခရီးသွားဧည့်သည်များ လွယ်လင့်တကူ လာရောက်လည်ပတ်နိုင်ပြီဖြစ်သည်။

မန်စီမြို့နှင့် ကူမင်းမြို့

တက်ဟုန်းပြည်နယ်ခွဲ၊  မန်စီမြို့သည် တရုတ်ပြည်၏အနောက်ဘက် ယူနန်ပြည်နယ်တွင် တည်ရှိသည်။ ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်ပြီး တက်ဟုန်း တိုင်လူမျိုးနှင့် ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲအတွင်းရှိ မြို့ဖြစ်သည်။ ဟန်လူမျိုးများ၊ တိုင်လူမျိုးများနှင့် ဂျိန်းဖောလူမျိုးများ အများစုနေထိုင်ကြသည်။ မန်စီမြို့တွင် တရုတ် တိုင်းရင်း သားများ ကိုးကွယ်ကြသော Menghuan ရွှေစေတီကို သပ္ပါယ်စွာ ဖူးမျှော်နိုင်သည်။ ယူနန်ပြည်နယ်တွင် တိုင်းရင်း သားများ စုံလင်စွာနေကြသည်။ အထူးသဖြင့် မန်စီမြို့တွင် တိုင်လူမျိုးများ၏ ရှေးဟောင်းမြို့ လေးကလည်း သွား လာလည်ပတ်စရာကောင်းသော မြို့လေးအဖြစ် ထင်ရှားပါသည်။

ကူမင်းမြို့ကတော့ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ယူနန်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဆက် သွယ်ရေးနှင့် ယဉ်ကျေးမှုတို့၏ ဗဟိုချက်လည်းဖြစ်သည်။ ကူမင်းမြို့၏အပြင်ဘက် ကျောက်ဆောင်တော သည် ခရီး သွားဧည့်သည် တော်တော်များများ လာရောက်လည်ပတ်ကြသည့်နေရာဖြစ်သည်။

ကူမင်းမြို့သည် အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်း မရှိ၍ သစ်ပင်ပန်းမန်တို့ အမြဲစိမ်းစိုပွင့်လန်းလျက် ရှိသည်။ တစ်နှစ်တာကာလပတ်လုံးရာသီဥတုသာယာလှပ၍ နွေဦးမြို့တော်အဖြစ်လည်းကောင်း၊ ပန်းမြို့တော် အဖြစ် လည်း ကောင်း တင်စားခေါ် ဝေါ်ကြသည်။ လေ့လာလည်ပတ်စရာကောင်းသော နေရာမျိုးစုံနှင့် အစား အစာမျိုးစုံ ကလည်း ပြည် တွင်း ၊ပြည်ပခရီး သွားဧည့်သည်များ နှစ်သက်သော ထင်ရှားသောမြို့ဖြစ်သည်။

ယဉ်ကျေးမှု၊အလှအပများစွာဖြင့် ပြည့်စုံနေသော တရုတ်ပြည်ရှိ မန်စီမြို့၊ ကူမင်းမြို့နှင့် တက်ဟုန်းမြို့ များဆီသို့ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြေးဆွဲနေသည်။  ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန် ခရီး စဉ်များကိုလည်း ပျံသန်ပြေးဆွဲလျက်ရှိသည်။

China Eastern လေကြောင်းလိုင်းမှ  ကူမင်း- မန္တလေးလေကြောင်းလိုင်းကို ပြန်လည်ပြေးဆွဲရန် စီမံနေပြီး ကူမင်း-ရန်ကုန်လေကြောင်းလိုင်းကို တိုးချဲ့ပြေးဆွဲရန်ရှိကြောင်း သိရသည်။  တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Kunming Changshui International Airport နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြား ခရီးစဉ် တစ်ပတ်လျှင် ၄ ရက်ဖြင့် ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။  မြန်မာအမျိုးသားလေကြောင်းလိုင်းကတော့ ရန်ကုန်-ကူမင်း ခရီးစဉ်ကို နိုဝင်ဘာ ၅ ရက်နေ့မှစ၍ တစ်ပတ်လျင် သုံးကြိမ်ဖြင့်  ပျံသန်းပြေးဆွဲလျက်ရှိသည်။

ရွှေလီလေကြောင်းလိုင်း(Ruili Airlines)ကလည်း ၂၀၂၃ ခုနှစ်ထဲတွင် မန်စီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပုံမှန်ခရီးစဉ်များကို တစ်ပတ်လျင် သုံးရက်နှုန်းဖြင့်  ပြန်လည် ပြေးဆွဲ လျက်ရှိသည်။  ၎င်းလေကြောင်းလိုင်းသည်  ကိုဗစ်ကာလ မတိုင်ခင် ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းမြို့သို့ လေကြောင်းခရီးစဉ် ပြေးဆွဲခဲ့သည်။ 

 အမွန်

(ဆက်လက်ဖော်ပြပါမည်။)