【ဆောင်းပါး】ပိုက်ကျော်ခြင်းဘုံဘာသာစကားနဲ့ လန်ချန်း-မဲခေါင်တို့ကြားက အားကစားကဏ္ဍ

【ဆောင်းပါး】ပိုက်ကျော်ခြင်းဘုံဘာသာစကားနဲ့ လန်ချန်း-မဲခေါင်တို့ကြားက အားကစားကဏ္ဍ

မိုင်ပေါင်း ၂၇၀၀ ကျော်ရှည်အရှည်ရှိတဲ့ လန်ချန်းမြစ်(ခေါ်)မဲခေါင်မြစ်ကြီး ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေကြား နွေးထွေးတဲ့ချိတ်ဆက်မှုတွေ ရှိနေကြပါတယ်။ ဒါကိုတော့ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုလို့ သိထားကြပါတယ်။
လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ မူလအဓိကအခြေတည်မှုအနေနဲ့ နိုင်ငံရေးနဲ့လုံခြုံရေး၊ စီးပွားရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးယဉ်ကျေးမှုနဲ့ ပြည်သူအချင်းချင်းကြား အပြန်အလှန်ထိတွေ့ ဆက်ဆံရေးဆိုတဲ့ အကြောင်းအရာတွေနဲ့ချိတ်ဆက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီအထဲ နောက်ဆုံးအချက်ဖြစ်တဲ့ လူမှုရေးယဉ်ကျေးမှုနဲ့ပြည်သူအချင်းချင်းကြားထိတွေ့မှုဆိုတဲ့အရာကလည်း အရေးကြီးကြောင်း လန်ချန်း - မဲခေါင်တို့ကြားက ပူးပေါင်းဆောင် ရွက်မှုတွေကိုကြည့်ရင် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
 
ခြင်းလုံးဘုံဘာသာစကားဖြင့် ချိတ်ဆက်ခြင်း………
 
လန်ချန်း - မဲခေါင်ဒေသတစ်လျှောက် နိုင်ငံတွေကြား ဖွင့်ပြောစရာမလိုတဲ့ရင်းနှီးတဲ့ဘုံဘာသာစကား တစ်ခုရှိပါတယ်။ ဒါကတော့ “ ခြင်းလုံး” ကစားနည်းဖြစ်ပြီး ဒီအထဲ ရိုးရာခြင်းလုံးအားကစားပုံစံမျိုးစုံအပြင် ပိုက်ကျော်ခြင်းကလည်း အာရှမှာခေတ်စားတဲ့ အားကစားဖြစ်ပါတယ်။ ဒီနေရာမှာ လန်ချန်းဘက်ခြမ်းဖြစ်တဲ့ တရုတ် နိုင်ငံနဲ့ မဲခေါင်ဘက်ခြမ်း မြစ်ဝှမ်းနိုင်ငံတွေကြား ယဉ်ကျေးမှုထူထောင်ရေးတွေကို တရုတ်နိုင်ငံက လုပ်ဆောင်နေပါတယ်။
တရုတ်နိုင်ငံက လန်ချန်း - မဲခေါင်ဒေသတွင်း ယဉ်ကျေးမှုဖလှယ်ရေး တိုးမြှင့်လုပ်ဆောင်ရာမှာ အရေးကြီးအခန်းကဏ္ဍတစ်ခုအနေနဲ့ မကြာသေးမီနှစ်တွေအတွင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ သာမန်အားဖြင့်တော့ ဒါကအရမ်းအရေးမကြီးပေမယ့် ဒီလိုပိုက်ကျော်ခြင်း ပြိုင်ပွဲတွေ ၊အထူးသဖြင့် အားကစားနဲ့ရိုးရာရပ်ဝန်းကနေ ဒေသတွင်းနိုင်ငံပြည်သူတွေကြား အားကစားဝါသနာရှင်တွေအတွက်လည်း ဖလှယ်မှုတွေနဲ့အတူ ပြိုင်ပွဲရဲ့ရယ်မောပျော်ရွှင်မှု အတူမျှဝေခံစားခြင်းစတဲ့ ခံစားစီးမျောမှုကနေ လူမှုရေးယဉ်ကျေးမှုနဲ့ ပြည်သူအချင်းချင်းကြား အပြန်အလှန်ထိတွေ့မှု တိုးစေတဲ့အချက်ကို အကြုံးဝင်လျက် ရှိပါတယ်။
 
မြန်မာ- တရုတ် နယ်စပ်မှာ နိုင်ငံတကာပိုက်ကျော်ခြင်း လေ့ကျင့်ရေးစခန်းတစ်ခုရှိလာ…..
 
လန်ချန်း-မဲခေါင်နိုင်ငံတွေကြား အခုလို ခြင်းလုံးဘုံဘာသာစကားနဲ့အတူ ယဉ်ကျေးမှုနဲ့ချစ်ခင်ရင်းနှီးမှု တည်ဆောက်ရေးမြှင့်တင်မှုအဖြစ် ဆောင်ရွက်ချက်တွေလောလော လတ် လတ် ရှိနေကြပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ (၂၆) ရက်နေ့မှာဆိုရင် တရုတ်မြန်မာနယ်စပ်ဖြစ်တဲ့ ရွှေလီမြို့၊ ဟူယွီ (Huyu) ကျေးရွာမှာ လန်ချန်း-မဲခေါင် နိုင်ငံတကာ အမျိုးသားပိုက်ကျော်ခြင်းလေ့ကျင့်ရေးစခန်းကို စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒီလေ့ကျင့်ရေးစခန်းဟာဆိုရင် ဟူယွီကျေးရွာ ကော်ရှန်ရှစ်ကျီး ဂေဟလယ်ယာစိုက်ပျိုးရေးခြံဖြစ်ပြီး မြို့ပြဧရိယာနဲ့ ၁၈ ကီလိုမီတာကွာဝေးတဲ့ ဟူယွီကျေးရွာမှာ တည်ရှိပါတယ်။
ဒီပရောဂျက်မှာဆိုရင် ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားတဲ့ ပရော်ဖက်ရှင်နယ် ပိုက်ကျော်ခြင်း လေ့ကျင့်ရေးကွင်း ၄ ခုမှာ လေ့ကျင့်ရေး၊ အပြန်အလှန်ဖလှယ်ခြင်းတွေနဲ့ ပြိုင်ပွဲ ကျင်း ပတာတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ဒေသခံတွေအတွက် ကျေးရွာစုပေါင်း ဝင်ငွေတွေ တိုးပွားလာစေပြီး "အားကစား လှုပ်ရှားမှုများ + ကျေးလက်ခရီးသွားလုပ်ငန်း" စတဲ့ ပုံစံကို ဖန်တီးထားတယ်လို့ ဖော်ပြမှုတွေရှိပါတယ်။
လန်ချန်း-မဲခေါင် တို့ကြားချိတ်ဆက်မှုဖြစ်တဲ့ ဒီဖွင့်ပွဲအခမ်းအနားမှာ မန်စီမြို့မှာကျင်းပမယ့် ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တရုတ်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပါဝင်လျက်ရှိတဲ့ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့ ၅ ဖွဲ့မှ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အခုလို အခြေအနေကိုကြည့်ရင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုရပ်ဝန်းနဲ့အတူ လန်ချန်း-မဲခေါင် တို့ကြားက အားကစားကဏ္ဍက တိုးမြှင့်လျက်ရှိနေတာကို တွေ့ရပါတယ်။
 
မိုးသား