【 နိုင်ငံတကာဆောင်းပါး 】 ဆယ်စုနှစ်အတွင်း အရှေ့အာရှကို အဆိုးရွားဆုံးတိုက်ခတ်သည့် သဲမုန်တိုင်း

【 နိုင်ငံတကာဆောင်းပါး 】 ဆယ်စုနှစ်အတွင်း အရှေ့အာရှကို အဆိုးရွားဆုံးတိုက်ခတ်သည့် သဲမုန်တိုင်း

မွန်ဂိုလီးယား၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို ၂၀၂၁ ခုနှစ်တုန်းက ကြီးမားတဲ့ ဖုန်မုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။ဒါဟာ တရုတ်နိုင်ငံတွင် ဆယ်စုနှစ်အတွင်း အကြီးဆုံးနှင့် အပြင်းထန်ဆုံးသော သဲမုန်တိုင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ် ၁၂ ခုသည် အဝါရောင်သဲများနှင့် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားခဲ့ပါတယ်။

မုန်တိုင်းက မွန်ဂိုလီးယားနိုင်ငံ တောင်ဘက် ဂိုဘီသဲကန္တာကနေ စခဲ့တာပါ။ထိုနေရာမှ ဖုန်မှုန့်များသည် အရှေ့ဘက် ကီလိုမီတာ ထောင်နှင့်ချီ ရွေ့လျှားကာ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံ၏ ဒေသအစိတ်အပိုင်းအချို့ကို ရောက်ခဲ့ပါတယ်။ထို့နောက် ရက်သတ္တပတ် တစ်ဝက်လောက်မှာ သဲမုန်တိုင်းက တရုတ်ပြည်ဘက် ပြန်လှည့်သွားပါတယ်။

သဲမုန်တိုင်းကြောင့် တရုတ်နိုင်ငံမှာ လေထုအရည်အသွေး ကျဆင်းခဲ့ပါတယ်။သဲမုန်တိုင်း စတင်ဖြစ်ခဲ့တဲ့ မွန်ဂိုလီးယားမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မကြာသေးမီနှစ်များအတွင်း သဲမုန်တိုင်းဖြစ်ပွားမှု ယခင်ကထက် အဖြစ်နည်းလာပါတယ်။ဒါဟာ သဲကန္တာရဖြစ်ခြင်းကို တိုက်ဖျက်ရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းအားထုတ်မှုများကြောင့်လို့ လူအများက ယူဆကြပါတယ်။တကယ်လည်း အဲဒီလိုယူဆတဲ့အတိုင်းပါပဲ။တရုတ်နိုင်ငံ မြောက်ပိုင်း သဲကန္တာရအစွန်းတစ်လျှောက် သစ်ပင်သန်းပေါင်းများစွာ စိုက်ပျိုးခြင်းပါဝင်တဲ့ အမျိုးသားဂေဟစနစ် ကြိုးပမ်းမှုတစ်ခုဖြစ်တဲ့ Three-North Shelterbelt Forest Program ကို ၁၉၇၈ ခုနှစ်မှာ တရုတ်အာဏာပိုင်တွေက စတင်ခဲ့ပါတယ်။ဒါကို အစိမ်းရောင် မဟာတံတိုင်းပရောဂျက် (Great Green Wall) လို့ လူသိများကြပါတယ်။

ဒီပရောဂျက်က ကမ္ဘာကြီးကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကထက် ဒီနေ့ ပိုစိမ်းလန်းတဲ့ နေရာဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ NASA ၏ အဆိုအရ ကမ္ဘာ့သစ်ရွက်များဖုံးတဲ့ ဧရိယာဟာ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ငါးရာခိုင်နှုန်းတိုးလာခဲ့ပြီး ဒီပမာဏဟာ အမေဇုန်မိုးသစ်တောများအားလုံးနှင့် ညီမျှပြီး ဒီရလဒ်ရဲ့ ၂၅ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံမှာရှိတယ် ဆိုပါတယ်။

သစ်တောဧရိယာများ ကျယ်ပြန့်လာသည်နှင့်အမျှ ဖုန်မုန်တိုင်းများ တိုက်ခတ်သည့် နွေဦးရာသီ၏ ပျမ်းမျှရက်အရေအတွက်ဟာ တရုတ်နိုင်ငံမှာ  ၁၉၆၀ ခုနှစ်များအတွင်း ၁၂ ရက်ရှိရာကနေ ယခု သုံးရက်အထိ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တိုက်ခတ်တဲ့ သဲမုန်တိုင်း မတိုက်ခတ်မီ ပေကျင်းမှာနောက်ဆုံး တိုက်ခတ်ခဲ့တာ လွန်ခဲ့သောလေးနှစ်က ဖြစ်ခဲ့တာပါ။

ဒါဆို ၂၀၂၁ ခုနှစ်မှာ တိုက်ခတ်ခဲ့တာ ဘာကြောင့်ပါလဲ။

ဒီလို ကြီးမားတဲ့ သဲမုန်တိုင်းကြီး တိုက်ခတ်တာမှာ အကြောင်းအချက်များစွာရှိပါတယ်။ဖုန်များပေါများသော နေရာ၊ ၎င်းကို ရှေ့သို့မောင်းနှင်ရန် လေပြင်းနှင့် ကောင်းကင်သို့ အမှုန်အမွှားများကို မြင့်မားစွာသယ်ဆောင်နိုင်တဲ့ မတည်မငြိမ်သောလေထုတို့ ရှိဖို့လိုပါတယ်။

၂၀၂၁ခုနှစ်မှာ ဒီလိုအပ်ချက် ၃ ခုစလုံး ပြည့်စုံခဲ့ပါတယ်။ကြီးမားသော ဂိုဘီသဲကန္တာရဟာ ပင်လယ်သမုဒ္ဒရာနှင့် ဝေးသော တိုက်ကြီးအတွင်းပိုင်းမှာ တည်ရှိပြီး သဲများစွာကို ပို့ဆောင်ပေးပါတယ်။အဲဒီ ၂၀၂၁ ခုနှစ်မှာ ထူးထူးခြားခြား ပူနွေးတဲ့ နွေဦးရာသီဖြစ်ခဲ့ပါတယ်။ဖေဖော်ဝါရီလလယ်တွင် အပူချိန် ၂၀ မှ ၂၅ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ရာကနေ  ဒေသအများစုဟာ  ခြောက်သွေ့မှု ပိုမိုပြင်းထန်လာခဲ့ပါတယ်။

အစိုဓာတ်ဟာ ဖုန်ကဲ့သို့ အညစ်အကြေးများကို လျှော့ချကာ နေရာကို ထိန်းထားနိုင်သော်လည်း မိုးခေါင်ခြင်းကြောင့် ဖုန်မုန်တိုင်းများကို ပိုမိုဖြစ်ပေါ်စေပါတယ်။

ထို့အပြင် သဲကန္တာရဟာ အခြားနေရာများထက် ပိုပူလာသောအခါတွင် အပူချိန်မညီမျှခြင်းကြောင့် ပြင်းထန်သောလေစီးကြောင်း (သို့မဟုတ်) လေကို ဖြစ်ပေါ်စေပါတယ်။ဖြတ်သွားသော မုန်တိုင်းဟာ  လေတိုက်နှုန်းပြင်းထန်ကာ မြေပြင်အထက် မီတာ ၁၀၀၀ နှင့် ယင်းထက်မှာ ဖုန်မှုန့်တန်ချိန်များကို သယ်ဆောင်နိုင်ကာ သစ်ပင်များက ယင်းဖြစ်စဉ်ကို ရပ်တန့်နိုင်ခြင်းမရှိပါဘူး။

ဖုန်မှုန့်များဟာ ထိုအမြင့်သို့ရောက်တာနဲ့ လေထုကနေ ကီလိုမီတာထောင်ပေါင်းများစွာ အကွာအဝေးအထိ ဖုန်တွေကို ပို့ပေးနိုင်ပါတယ်။တစ်ခါတရံမှာ ဖုန်မုန်တိုင်းများဟာ သမုဒ္ဒရာများနှင့် တိုက်ကြီးများကိုတောင် ကျော်ဖြတ်သွားကြပါတယ်။

စိမ်းလန်းသောတံတိုင်းကြီးကို တည်ဆောက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများ ဆက်လက်ရှိနေဆဲပါ။မွန်ဂိုလီးယား၏ ၇၀ ရာခိုင်နှုန်းကျော်မှာ စားကျက်ပိုလာခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းများကြောင့် ပျက်စီးသွားသည့် မွန်ဂိုလီးယားရေမြေကို ကူညီရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပါသေးတယ်။

သဲမုန်တိုင်းတွေက ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။သို့သော်လည်း ၎င်းတို့ဟာ ဇီဝဗေဒမှာပါဝင်တဲ့ အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုလည်း ရှိနေပါသေးတယ်။ဘာလဲဆို နာဆာဂြိုဟ်တုဓာတ်ပုံတွေအရ နှစ်စဉ် ဆာဟာရမှ ဖုန်မှုန့် တန်ချိန် ၂၈၀၀ ကျော်ဟာ  အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ အမေဇုန်သစ်တောများရှိ အပင်များအတွက် မြေသြဇာသယ်ဆောင်ပေးတယ်ဆိုတာပါပဲ။

စိုးနိုင်ထွန်း
Ref - CMG | Tech It Out: Worst sandstorm in a decade hits East Asia. Why ?