【ဆောင်းပါး】ရေအောက်မီတာ တစ်သောင်းကျော်အထိတူးဖော်နိုင်တဲ့ သမုဒ္ဒရာတူးဖော်ရေးသင်္ဘော

【ဆောင်းပါး】ရေအောက်မီတာ တစ်သောင်းကျော်အထိတူးဖော်နိုင်တဲ့ သမုဒ္ဒရာတူးဖော်ရေးသင်္ဘော

ပထမဆုံး ရေနက်ပိုင်း တူးဖော်ရေးသင်္ဘောတစ်စီးကို တရုတ်နိုင်ငံက မိတ်ဆက်ပြသလိုက်ပြီး ကမ္ဘာမြေ မျက်နှာ ပြင်အောက် အရေးပါတဲ့ ရှာဖွေရေးမစ်ရှင်တွေအတွက် အဆင်သင့်ဖြစ်မဖြစ် စမ်းသပ်ဖို့ ပြင်ဆင်လုပ် ဆောင်မှုတွေကို ပြုလုပ်ခဲ့ကြပြီဖြစ်ပါတယ်။

ဒီသင်္ဘောကို တရုတ်ဘာသာနဲ့ "အိပ်မက်" လို့အဓိပ္ပာယ်ရတဲ့ ‘’ Mengxiang ‘’ ဆိုတဲ့ နာမည်ပေးထားပြီး သင်္ဘောရဲ့ လုပ်ဆောင်ချက်စွမ်းရည်အတွက် စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီသင်္ဘောဟာ စုစုပေါင်း အရှည် ၁၇၉.၈ မီတာနဲ့ အကျယ် ၃၂.၈ မီတာရှိပြီး မက်ထရစ်တန် ၃၃၀၀၀ ခန့်ရှိတယ်လို့ တရုတ်နိုင်ငံ သတင်း တွေမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်၎င်းဟာ ရေ မိုင် (၁၅၀၀၀)အထိ မရပ်မနား မောင်းနှင်နိုင်စွမ်း  ရှိပြီး ရက်ပေါင်း (၁၂၀) အထိ ဆိပ်ကမ်းမကပ်ဘဲမောင်းနှင်နိုင်တယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာဘဲ ဒီသင်္ဘောဟာ အဆင့် ၁၆ "တိုင်ဖုန်းမုန်တိုင်း’’ ရဲ့ ဒဏ်ကိုလည်းခံနိုင်ရည်ရှိသလို အထူး စွမ်းရည်အနေနဲ့ နောက်ထပ်လုပ်ဆောင်နိုင်တာက ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၁၁၀၀၀ မှာ တူးဖော် နိုင်တဲ့ ကမ္ဘာ့တစ်ခုတည်းသော သင်္ဘောလည်းဖြစ်လာပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့အပြည့်စုံ ဆုံးဖြစ်တဲ့ ဓာတ်ခွဲခန်းလည်းပါဝင်တယ်လို့ ဖော်ပြကြပါ တယ်။ လက်ရှိမှာ ၎င်းရဲ့ ပထမဆုံး ပင်လယ်ရေကြောင်း စမ်းသပ်မှု ကို အခုနှစ်ဒီဇင်ဘာ ၂၂ ရက်ကပြုလုပ် ခဲ့တယ်လို့ စီမံကိန်းစီစဉ်သူတွေက ဆိုပါတယ်။ Dream Project department ရဲ့ ကော်မရှင်နာတစ် ဦးဖြစ်တဲ့ Lei Yong က ‘’ဒါက ကမ္ဘာတဝှမ်းက သိပ္ပံပညာရှင်တွေရဲ့ အိပ်မက် မို့လို့ ‘’အိပ်မက် ‘’ လို့ အမည်ပေးခဲ့ တဲ့ကြောင်း CCTV သတင်းဌာနကိုပြောပြခဲ့ပါတယ်။

အိပ်မက်" လို့အဓိပ္ပာယ်ရတဲ့  သမုဒ္ဒရာတူးဖော်ရေးသင်္ဘော Mèngxiǎng ကို တရုတ်နိုင်ငံက ကိုယ်ပိုင် ဟန်နဲ့ ဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပြီး သင်္ဘောဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး တူးဖော်ရေးစနစ် တပ်ဆင်ထား သလို ရေနံ၊သဘာဝဓာတ်ငွေ့နဲ့ သမုဒ္ဒရာဆိုင်ရာသိပ္ပံသုတေသနလုပ်ငန်းတွေအတွက် တူးဖော်မှုပုံစံနှစ်မျိုးနဲ့ လုပ်ဆောင် နိုင်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ပထမဆုံးဖြစ်တဲ့ riser-less mud recycle (RMR) စနစ်ကိုလည်း ထည့် သွင်း အသုံးပြု ထားပြီး သင်္ဘောရဲ့ အဓိကတာဝန်ကတော့ ပင်လယ်ပြင်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ဖို့ အတွက်ဖြစ်ပါတယ်။ ဒီနေရာမှာ ကမ္ဘာ့အပေါ်ယံအလွှာထဲကို ထိုးဖေါက်ဝင်ရောက်ကာ ကမ္ဘာမြေရဲ့နက်ရှိုင်းတဲ့ အစိတ်အပိုင်းတွေကို စူးစမ်းလေ့လာ ဖို့ ရည်ရွယ်တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ ဒီသင်္ဘောမှာ စမတ်ကျတဲ သိပ္ပံစမ်းသပ်မှုတွေကို လုပ်ဆောင်ထားနိုင်ပြီး ၎င်းရဲ့ စောင့် ကြည့် ရေးပွိုင့် ၂၀၀၀၀ နဲ့ ပြီးပြည့်စုံတဲ့ သတင်းအချက်အလက်စနစ်တွေကြောင့်လည်း သိပ္ပံသုတေသန သင်္ဘော အဖြစ်လက်ခံနေကြပြီပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပင်လယ်ပြင်စမ်းသပ်မှုနဲ့ ပတ်သက်လို့ Dream Project department ရဲ့ ကော်မရှင်နာတစ်ဦးဖြစ်တဲ့ Lei Yong က “ ပင်လယ်ပြင် စမ်းသပ်မှုမှာက အဆင့် များစွာ ပါဝင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ပထမဆုံး စမ်းသပ်မှုကတော့ သင်္ဘောရဲ့ ဓာတ်အားစနစ်ကို စမ်းသပ်ရ ပါတယ်။ ဒီဓာတ်အားစနစ်က ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ အဖြေရှာဖို့ လုပ်ဆောင်ပါတယ်။ အဲဒီနောက် ရွေ့လျားနေရာချထားခြင်းဆိုင်ရာစမ်းသပ်မှုနဲ့ တူးဖော်စမ်းသပ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ‘’ လို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ နောက်ဆုံးပေါ်မျိုးဆက်ဖြစ်တဲ့ ၃၀ မီဂါဝပ် (closed loop network power station) ကို တပ်ဆင်ထားမှုနဲ့အတူ ဘက်ထရီ သိုလှောင်မှု နည်းပညာတွေကြောင့် ယုံကြည်စိတ်ချရမှုနဲ့စွမ်းအင်ချွေ တာရေး တွေအတွက် လေလွင့်ဆုံးရှုံးမှုတွေကိုသက်သာစေတယ်လို့ ဖော်ပြပါတယ်။

၎င်းကို သမုဒ္ဒရာ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာအသုံးပြုဖို့မျော်မှန်းနေကြပြီး အဓိကအနေနဲ့ နိုင်ငံတွင်း သိပ္ပံ ဆိုင်ရာ အစီအစဉ်တွေနဲ့ နိုင်ငံတကာကြီးမားတဲ့ သိပ္ပံအစီအစဥ်တွေအထိ အသုံးပြုဖို့လည်းမျှော် လင့်ထား တယ်လို့ သိရပါတယ်။

မိုးသား