【 နိုင်ငံတကာဆောင်းပါး 】တရုတ်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို မြေပုံပြပေးမယ့် ၅ နှစ်စီမံချက်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို မြေပုံပြပေးမယ့် ၅ နှစ်စီမံချက်

တရုတ်ရဲ့ ၅ နှစ်စီမံချက်ဟာ ယခု ၅ နှစ်အတွင်း စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများအတွက် စီမံချက်များကို ဖော်ဆောင်ပေးသော စနစ်ဖြစ်ပါတယ်။

ပထမဆုံး ၅ နှစ်စီမံချက်ကို ၁၉၅၃ ခုနှစ်တွင် စတင်ခဲ့ပါတယ်။ ၅ နှစ်စီမံချက်ပေါင်း ၁၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီး စီးပွားရေး ပြန်လည်ပြုသောကာလဖြစ်တဲ့ ၁၉၆၃ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အကြားမှအပ အဆက်မပြတ် အကောင်အထည်ဖော်လာနိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ဟာ ၁၃ ကြိမ်မြောက် ၅ နှစ်စီမံချက်ရဲ့ နောက်ဆုံးနှစ်ဖြစ်ပါတယ်။ တရုတ်ဟာ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကို စတင်ရေးဆွဲခဲ့ပါတယ်။

CMG ကလည်း ၅ နှစ်တာစီမံချက်ကို သူတို့ရဲ့ ရှည်လျားမှု၊ အရေးကြီးသော ရည်မှန်းချက်နှင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကျန်းမာရေး ၊ အုပ်ချုပ်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ ပတ်ဝန်းကျင် ၊ နိုင်ငံခြား ကုန်သွယ်ရေးနှင့် အမျိုးသားကာကွယ်ရေး အစရှိသော ကဏ္ဍများအားလုံးကို လေ့လာခဲ့ပါတယ်။

စီမံချက်များဟာရည်မှန်းချက်များနှင့် လမ်းညွှန်ချက်များနဲ့ပတ်သက်ပြီး အသေးစိတ်ရေးဆွဲထားပြီး စီးပွားရေး၊ လူမှုရေး ၊ ပညာရေးနှင့် ပတ်ဝန်းကျင် အစရှိသော ကဏ္ဍပေါင်းစုံပါဝင်ပါတယ်။ အခြေခံရည်မှန်းချက်များတွင် စီးပွားရေးတိုးတက်မှုအတွက် ပစ်မှတ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် ဦးတည်ချက်များ နှင့် စက်မှုလုပ်ငန်းများ ပြန်လည် တည်ဆောက်ခြင်းတို့ပါဝင်ပါတယ်။

၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်ပြီးနောက် တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ပြန်လည်နလန်ထူရေးကာလကို ဖြတ်သန်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်တွင် ဗဟိုအစိုးရဟာ ပထမဆုံး ၅ နှစ်တာ စီမံချက်ကို စတင်ခဲ့ပါတယ်၊ ထိုစီမံကိန်းဟာ နိုင်ငံကို စိုက်ပျိုးရေး အခြေခံသောနိုင်ငံကနေ စက်မှုထွန်းကားသော နိုင်ငံအဖြစ်သို့ပြောင်းလဲရန် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုကြီးမားသော လုပ်ငန်းများကို တိုးတက်စေရန် အထူးအလေးထားခဲ့ပါတယ်။

နောက်ထပ် ၅ နှစ် စီမံချက်ဟာ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းတိုးတက်ရေးကို အလေးထားခဲ့ပါတယ်။ ဒုတိယ ၅ နှစ်စီမံကိန်းဖြစ်တဲ့ (၁၉၅၈-၁၉၆၃) တွင် စက်မှုလုပ်ငန်း တိုးတက်ရေးကို ဦးစားပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုကြီးမားသော လုပ်ငန်းများအပေါ် ဦးစားပေးခဲ့ပါတယ်။ တတိယမြောက်ဖြစ်တဲ့ ၁၉၆၆-၁၉၇၀ တွင် စိုက်ပျိုးရေး နှင့် အခြေခံစက်မှုလုပ်ငန်းများကို တိုးတက်စေရန် ဦးစားပေးခဲ့ပါတယ်။ စတုတ္ထမြောက် စီမံကိန်းဖြစ်တဲ့ ၁၉၇၁-၁၉၇၅ မှာတော့ စိုက်ပျိုးရေးထုတ်ကုန်များနှင့် စက်မှုလုပ်ငန်းအပြင် အခြေခံအဆောက်အဦများအပေါ် ရင်းနှီးမြှုပ်နှံမှုတွင် ဦးစားပေးခဲ့ပါတယ်။ ပဉ္စမမြောက် ဖြစ်တဲ့ ၁၉၇၆-၁၉၈၀ မှာတော့ လွတ်လပ်ပြီး ပြည်စုံသော စက်မှု စနစ်တည်ဆောက်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။

(၂ )ကြိမ်မြောက် ကနေ (၅) ကြိမ်မြောက် စီမံချက်တွင် တရုတ်အစိုးရဟာ ရေတိုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် လမ်းညွှန်းချက်များကို ရှာဖွေခဲ့ပါတယ်။ ရည်မှန်း ချက်များကို ဖော်ဆောင်ရင်း အတွေ့အကြုံများနှင့် ပညာလည်းရလာသောကြောင့် ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်လာခဲ့ပါတယ်။

တရုတ်ရဲ့ အစောပိုင်း စီမံချက်တွင် ကုန်ထုတ်လုပ်မှုကိုလည်း ဦးစားပေးခဲ့ပြီး သံမဏိနှင့် စိုက်ပျိုး ရေး ထုတ်ကုန်တွင် ရည်မှန်းချက်ထားခဲ့ပါတယ်။ ၁၉၈၀ အစောပိုင်းက စပြီး တရုတ်ဟာ ဆိုရှယ်လစ်စျေးကွက် စီးပွားရေးကို တရုတ်ပုံစံဖြင့် စတင်တည်ဆောက်လာခဲ့ပြီး ရည်မှန်းချက်တချို့ကို လျှော့ချလာခဲ့ပါတယ်။ ကိန်းဂဏန်းဖြင့် သတ်မှတ်ထားသော ရည်မှန်းချက်များကို ဖြေလျှော့ခဲ့ပါတယ်။

(၆) ကြိမ်မြောက် စီမံကိန်း  (၁၉၈၁-၁၉၈၅) ဟာ ယခင်က အကောင်အထည်ဖော်ခဲ့သော စီမံချက်များကို ပြန်လည်ပြင်ဆင်ခြင်းနှင့် စိန်ခေါ်မှုများကို ဖြေရှင်းတို့ကို ဦးစားပေး ခဲ့ပါတယ်။ စီမံချက်အရှည်ကို လေ့လာမည်ဆိုပါက ၅ ခုမြောက် စီမံကိန်းဟာ အရှည်ဆုံးဖြစ်ပြီး အနာဂတ်စီမံချက်များအတွက် အုတ်မြစ်ဖြစ်ခဲ့ပါတယ်။

(၇)ကြိမ်မြောက် စီမံချက် (၁၉၈၆-၁၉၉၀) ဟာ တရုတ်ပုံစံဖြင့် တည်ဆောက်ထားသော ဆိုရှယ်လစ် စီးပွားရေးစနစ်အတွက် အကောင်အထည်ဖော်ခဲ့ပါတယ်။

(၈ ) ကြိမ်မြောက် စီမံချက်  (၁၉၉၁-၁၉၉၅) တွင် စက်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းကို ဦးစားပေးခဲ့ပြီး နည်းပညာ၊ ပညာရေး နှင့် နိုင်ငံခြား ကုန်သွယ်ရေးတို့တွင် တိုးတက်မှုတို့ကို ဦးစားပေးခဲ့ပါတယ်။

(၉) ကြိမ်မြောက် စီမံချက်  (၁၉၉၆-၂၀၀၀) တွင် အခြေခံဆိုရှယ်လစ်စျေးကွက်စီးပွားရေး တည်ဆောက်မှု နှင့် စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းတို့ကို တည်ဆောက်ခဲ့ပါတယ်။

(၁၀) ကြိမ်မြောက် စီမံချက် (၂၀၀၁-၂၀၀၅) တွင် ပြည့်စုံသော လူမှုဘဝလုံခြုံရေးစနစ်ကို တည်ဆောက်ရန် ရည်မှန်းခဲ့ပြီး ခေတ်မီစီးပွားရေးစနစ်ကို အစိုးရပိုင်လုပ်ငန်းများတွင် တည်ဆောက်ရန် ဦးစားပေးခဲ့ပါတယ်။

(၁၁) ကြိမ်မြောက် စီမံချက် (၂၀၀၆-၂၀၁၀) တွင် စက်မှုလုပ်ငန်းကဏ္ဍတည်ဆောက်မှုကို အဆင့်မြှင့်တင်ရန်နှင့် အရင်းအမြစ်များ အသုံးပြုမှုကို တိုးတက်စေရန် ဦးစားပေးခဲ့ပါတယ်။

(၁၂) ကြိမ်မြောက် စီမံချက်တွင် ပညာရေး ၊ သိပ္ပံနှင့်နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံမှု တိုးလုပ်ရန် အဆိုပြုခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုအတွက်လည်း ရည်မှန်း ချက်များကို သတ်မှတ်ခဲ့ပါတယ်။

(၁၃) ကြိမ်မြောက် စီမံချက် (၂၀၁၆-၂၀၂၀) တွင် တိုးတက်မှုကို ဖော်ဆောင်ရန် ဆန်းသစ်တီထွင်မှုကို အသုံးပြုရန် ဆိုပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်များအတွင်း စီမံချက်များဟာ စီးပွားရေးတွင် ဦးစားပေးခြင်း မရှိခဲ့ပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ရေး၊ လူမှုဘဝစီမံချက်များ ၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ဖန်တီးရေးတို့ကို ဦးစားပေးလုပ်ဆောင်လာခဲ့ပါတယ်။

Naing

Ref: CMG| Five-Year Plans map out China's future development