【 နိုင်ငံတကာ‌ဆောင်းပါး 】 တရုတ်စီးပွားရေး တိုးတက်မှုအတွက် ဖောက်ပေးခဲ့တဲ့ လမ်းကြောင်းသစ်

【 နိုင်ငံတကာ‌ဆောင်းပါး 】 တရုတ်စီးပွားရေး တိုးတက်မှုအတွက် ဖောက်ပေးခဲ့တဲ့ လမ်းကြောင်းသစ်

ပြီးခဲ့သောနှစ်များအတွင်းတွင် အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာအရ ပြိုင်ဆိုင်မှုများ ပြင်းထန်လာပြီး နည်းပညာပြိုင်ဆိုင်မှုမှာ အဓိကဖြစ်လာခဲ့သည်။

လာမည့် ဆယ်စုနှစ်သည် အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုကို အဆုံးအဖြတ်ပေးနိုင်မည့် ဆယ်နှစ်တာဖြစ်သည်ဟု အမေရိကန်က သတ်မှတ်ထားပြီး တရုတ်ကို အပြင်းထန်ဆုံး ပထဝီနိုင်ငံရေးစိန်ခေါ်မှုဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်ပင် ဘိုင်ဒန်အစိုးရသည် တရုတ်ကို ပြိုင်ဆိုင်နိုင်ရန် နည်းပညာအဆင့်မြှင့်တင်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။တရုတ်တွင် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ မယုံကြည်အောင် ကြိုးပမ်းနေပြီး တရုတ်ကိုလည်း တစ်ပိုင်းလျှပ်ကူးထုတ်လုပ်ခြင်း စွမ်းရည်များ အဆင့်မမြှင့်တင်နိုင်ရန် အားထုတ်နေခြင်းဖြစ်သည်။

အချို့သော အနောက်တိုင်းနိုင်ငံများသည် တရုတ်၏ အားသာချက်များကို လျှော့တွက်ကြပြီး တရုတ်သည် နည်းပညာအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ကာ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် ထွက်ပေါ်လာသည်ကို ဂရုမမူနိုင်ဖြစ်နေသည်။အမေရိကန်က တရုတ်၏ နည်းပညာတိုးတက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမှာ ထိုသို့ပြုလုပ်နိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ဉာဏ်ရည်တု၊ အွန်လိုင်းစီးပွားရေးနှင့် မိုဘိုင်းငွေပေးချေမှုကဲ့သို့သော ကိစ္စရပ်များတွင် အမေရိကန်နှင့် တရုတ်တို့က ဦးဆောင်လျက်ရှိသည်။

တရုတ်သည် ကမ္ဘာ့အကြီးဆုံး 5G ကွန်ရက်ကို အားဖြည့်လျက်ရှိပြီး ကွန်ပြူတာစွမ်းအင်တွင် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ နှစ်အထိ တရုတ်၏ ဒစ်ဂျစ်တယ်စီးပွားရေးသည် ဒေါ်လ ၄.၁ ထရီလီယံ တိုးမြင့်ခဲ့ပြီး နှစ်စဉ်တိုးတက်မှု နှုန်းထားမှာ ၁၄.၂ ရာခိုင်နှုန်းရှိသည်။

တရုတ်သည် တစ်နှစ်တာ စီမံကိန်းများဖြစ်သော နည်းပညာပေါင်း ၄၄ ခုအနက် ၃၇ ခုကို ဦးဆောင်နေပြီး အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက အဆင့်မြင့်နည်းပညာပြိုင်ပွဲတွင် ရှုံးနိမ့်လျက်ရှိသည်ဟု The Guardian သတင်းဌာနက ဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများသည် တရုတ်ကို နည်းပညာတီထွင်ဆန်းသစ်မှုအတွက် ပို၍စိတ်အားထက်သန်စေမည်သာဖြစ်သည်။အနောက်နိုင်ငံများက တရုတ်ကုမ္ပဏီများကို အဆင့်မြင့် ချစ်ပ်ပြားနည်းပညာများ မရရှိအောင် တားဆီးနေချိန်တွင် တရုတ်ကထုတ်လုပ်သော ချစ်ပ်ပြားသည် ဟွာဝေး Mate 60 Pro ဖုန်းတွင် ပါဝင်လာပြီး အနောက်နိုင်ငံများကပါ တရုတ်အတွက် အောင်ပွဲဟု ရှုမြင်လာကြသည်။ဟွာဝေး Mate 60 Pro ဖုန်း ထုတ်လုပ်လိုက်ခြင်းသည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများက တရုတ်ကို အဓိကနည်းပညာအဆင့်မြှင့်တင်မှု မပြုလုပ်နိုင်ရန် မတားဆီးနိုင်ခဲ့ကြောင်း သက်သေဖြစ်သည်။

တရုတ်သည် စတုတ္ထစက်မှုတော်လှန်ရေးတွင် ဦးဆောင်နေသူဖြစ်ကြောင်းကို စီးပွားရေးကြံ့ကြံ့ခံနိုင်မှုအရ သိနိုင်သည်။တရုတ်၏ နည်းပညာတိုးတက်မှုကြောင့် ပို့ကုန် ကုန်သွယ်ရေးစနစ်သည်လည်း ယခင်က အဝတ်အထည်၊ အိမ်သုံးပစ္စည်းနှင့် ပရိဘောဂတို့သာရှိခဲ့ရာမှ စွမ်းအင်သစ်ယာဉ်၊ လစ်သီယမ် ဘထ္ထရီနှင့် နေရောင်ခြည်သုံး ဆိုလာပြားများအထိ တင်ပို့လာနိုင်ခဲ့သည်။

တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအဖွဲ့၏ အဆိုအရ တရုတ်၏ မော်တော်ယာဉ်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် နှစ်စဉ်နှုန်းထား၏ ၅၇.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။လျှပ်စစ်ကားများ တိုးတက်လာသောကြောင့် တရုတ်သည် ပြီးခဲ့သောနှစ်တွင် ဂျပန်ကို ကျော်တက်ကာ ကမ္ဘာ့ထိပ်ဆုံး ကားတင်ပို့သူ ဖြစ်လာခဲ့သည်။တရုတ်၏ ပို့ကုန်ထုတ်ကုန်များကို ဆက်တိုက်အဆင့်မြှင့်တင်ခြင်းနှင့် နည်းပညာအဆင့်မြှင့်တင်ခြင်းတို့သည် တရုတ်စီးပွားရေး၏ အရည်အသွးမြင့် တိုးတက်မှု ရေစီးကြောင်းအသစ်ကို ဖော်ဆောင်လျက်ရှိသည်။

ပြည်ပမှ ဖိနှိပ်မှုများကြားတွင် တရုတ်သည် အဓိက သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှု ပလက်ဖောင်းများကို ဆက်လက်အဆင့်မြှင့်နေပြီး ဦးဆောင်သိပ္ပံပညာရှင်များအား ကိုယ်ပိုင်ဟန်ရှိပြီး စွန့်ဦးတီထွင်သော သိပ္ပံနှင့် နည်းပညာ သုတေသနများ ဆက်လက်လုပ်ဆောင်ရန်နှင့် အဓိကနည်းပညာ အခက်အခဲများကို ကျော်ဖြတ်ပြီး အဓိကနယ်ပယ်များတွင် နည်းပညာအမှီအခိုကင်းမဲ့စေရေး ထောက်ပံ့ပေးလျက်ရှိသည်။

မကောင်းမြင်သော အသံများသည် တရုတ်၏ နည်းပညာတိုးတက်မှုနှင့် စီးပွားရေးကြံ့ကြံ့ခံမှုကို အရှိန်အဟုန်ကို မတားဆီးနိုင်ခဲ့ပေ။

အတားအဆီးများကြားတွင် နည်းပညာတိုးတက်မှုက တွန်းအားပေးနေသော တရုတ်စီးပွားရေးသည် ဆက်လက်ပြီး အဆင့်မြင့်တက်လျက်ရှိသည်။

စိုးနိုင်ထွန်း
Ref - Tech advances pave way for high-quality growth of China's economy | CMG