အလုပ်ဦးစားပေးနေလို့ အိမ်ထောင်ရေးတိုင်ပင်ဖို့ ဝေးနေတယ်ဆိုတဲ့ G-Fatt က ဆိုလာ

အလုပ်ဦးစားပေးနေလို့ အိမ်ထောင်ရေးတိုင်ပင်ဖို့ ဝေးနေတယ်ဆိုတဲ့ G-Fatt က ဆိုလာ

အခုအချိန်ဟာ အလုပ်အပေါ်ဦးစားပေးပြီး လုပ်ကိုင်နေရတဲ့ အခြေအနေမျိုးဖြစ်နေတာကြောင့် အိမ် ထောင်ရေး ကိစ္စ တိုင်ပင်ဖို့အတွက် ဝေးနေသေးတယ်လို့ တေးသံရှင် G-Fatt က ပြောပါတယ်။
လက်ရှိမှာ သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ ချစ်သူဖြစ်နေတဲ့ တေးသံရှင် G-Fatt အပေါ် အိမ်ထောင် ရေးကိစ္စမေးဖြစ်တဲ့အခါ “ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ် သူလည်းသူ့အလုပ်နဲ့သူ ရှုပ်နေတဲ့ ကာလ မျိုးဆိုတော့

အိမ်ထောင်ရေး တိုင်ပင်ဖို့ ဝေးနေသေးပါတယ်၊ ကျွန်တော့် ပရိသတ်တွေနဲ့ ကျွန်တော့် ဘဝမှာ အမှတ်တရတွေနဲ့ ဖန်တီးချင်တာတွေ အများကြီးရှိပါတယ်၊ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို တွန်းနေရတယ်၊

မအားလပ်တဲ့ ကြားထဲက ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး လုပ်နေရပါတယ်”လို့ ဆိုပါတယ်။
 

 

လက်ရှိကာလမှာ ပျော်ရွှင်ရတဲ့အချိန်တွေရှိသလို စိတ်ဆိုးရန်ဖြစ်ရတဲ့ အချိန်တွေရှိပြီး ကိုယ့်ထက် အသက်ကြီးသူ ဖြစ်ပေမယ့် ယောကျ်ားလေးဖြစ်တဲ့အတွက် အလျှော့ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ “

ကျွန်တော်က ချွဲတာတွေ ဘာတွေတော့ မလုပ်တတ်ဘူး၊ ဘဝမှာ ကိုယ့်အတွက် သတိမမူဘဲ ဒီဟာ တွေကို ကြိုးစားဖို့ မလိုဘူးလို့ ထားခဲ့တဲ့ဟာတွေက သူနဲ့တွေ့ရင် ကြိုးစားပြီးလုပ်ကိုင်ဖို့ စိတ်တွေဖြစ်စေပါတယ်”

လို့လည်း တေးသံရှင် G-Fatt ကပြောပါတယ်။

 

 
သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကံကိုပဲယုံကြည်တယ်လို့ ဆိုပါတယ်။ “ကျွန်တော် ကတော့ ကံကိုပဲ ယုံကြည်ပါတယ်၊ ပေါင်းသင်းဖို့အတွက် ရေစက်ပါသလားမပါသလားပေါ့ နော်၊ ပတ်ဝန်းကျင်မှာ

ဘယ်လိုရှိသလဲ ကံဆိုတာမမြင်နိုင်ဘူးပေါ့နော်၊ ကျွန်တော့်ရဲ့ပတ်ဝန်းကျင်ထဲမှာ မိတ် ဆွေ တွေရှိကြတယ်၊ ရေစက်မပါခဲ့ကြသလို ရေစက်ပါလို့ ပေါင်းဖက်ရတာတွေလည်း ရှိပါတယ်၊ အဲ့လိုမျိုးတွေ တွေ့ဖူးတယ်၊

အားလုံးလည်း တွေ့ဖူးမှာပေါ့နော်၊ ကျွန်တော်ကတော့ ကံတရားရယ်၊ ရေစက်ရယ် ယုံကြည်တယ်”လို့လည်း ပြောကြားခဲ့ပါတယ်။

 

သူ့ကိုနှစ်သက်တဲ့ ပရိသတ်တွေက သူ့ရဲ့နာမည်တွေ၊ ပုံတွေကို တက်တူးထိုးတာတွေရှိပြီး အဲ့ဒီလို လုပ်ကိုင် သူတွေအပေါ် အသိအမှတ်ပြုပေမယ့် အဲ့ဒီလို မလုပ်ကိုင်သူတွေကိုလည်း အသိအမှတ်ပြု ပါကြောင်း၊

တစ်ဖက်တည်းကိုသာ ဦးတည်ပြောနေပါက တစ်ဖက်ကနေ အားပေးနေတဲ့ ပရိသတ်ကို အသိအမှတ် မပြုသလိုဖြစ်မှာ စိုးတဲ့အတွက် ပရိသတ်အားလုံးကို အသိအမှတ်ပြုကြောင်း ပြောကြား ခဲ့ပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ စက်တင်ဘာ ၁၈  

 

(  Zawgyi  )

 
အခုအခ်ိန္ဟာ အလုပ္အေပၚဦးစားေပးၿပီး လုပ္ကိုင္ေနရတဲ့ အေျခအေနမ်ိဳးျဖစ္ေနတာေၾကာင့္ အိမ္ ေထာင္ေရး ကိစၥ တိုင္ပင္ဖို႔အတြက္ ေဝးေနေသးတယ္လို႔ ေတးသံရွင္ G-Fatt က ေျပာပါတယ္။
လက္ရွိမွာ သ႐ုပ္ေဆာင္ နန္းဆုရတီစိုးနဲ႔ ခ်စ္သူျဖစ္ေနတဲ့ ေတးသံရွင္ G-Fatt အေပၚ အိမ္ေထာင္ ေရးကိစၥေမးျဖစ္တဲ့အခါ “ကိုယ္လည္းကိုယ့္အလုပ္နဲ႔ကိုယ္ သူလည္းသူ႔အလုပ္နဲ႔သူ ရႈပ္ေနတဲ့ ကာလ မ်ိဳးဆိုေတာ့

အိမ္ေထာင္ေရး တိုင္ပင္ဖို႔ ေဝးေနေသးပါတယ္၊ ကြၽန္ေတာ့္ ပရိသတ္ေတြနဲ႔ ကြၽန္ေတာ့္ ဘဝမွာ အမွတ္တရေတြနဲ႔ ဖန္တီးခ်င္တာေတြ အမ်ားႀကီးရွိပါတယ္၊ ဒါေၾကာင့္လည္း ကိုယ့္ကိုယ္ကို တြန္းေနရတယ္၊

မအားလပ္တဲ့ ၾကားထဲက ကိုယ့္ကိုယ္ကို တြန္းအားေပးၿပီး လုပ္ေနရပါတယ္”လို႔ ဆိုပါတယ္။

လက္ရွိကာလမွာ ေပ်ာ္႐ႊင္ရတဲ့အခ်ိန္ေတြရွိသလို စိတ္ဆိုးရန္ျဖစ္ရတဲ့ အခ်ိန္ေတြရွိၿပီး ကိုယ့္ထက္ အသက္ႀကီးသူ ျဖစ္ေပမယ့္ ေယာက်္ားေလးျဖစ္တဲ့အတြက္ အေလွ်ာ့ေပးခဲ့ရတယ္လို႔လည္း ဆိုပါတယ္။ “

ကြၽန္ေတာ္က ခြၽဲတာေတြ ဘာေတြေတာ့ မလုပ္တတ္ဘူး၊ ဘဝမွာ ကိုယ့္အတြက္ သတိမမူဘဲ ဒီဟာ ေတြကို ႀကိဳးစားဖို႔ မလိုဘူးလို႔ ထားခဲ့တဲ့ဟာေတြက သူနဲ႔ေတြ႕ရင္ ႀကိဳးစားၿပီးလုပ္ကိုင္ဖို႔ စိတ္ေတြျဖစ္ေစပါတယ္”

လို႔လည္း ေတးသံရွင္ G-Fatt ကေျပာပါတယ္။

 
သူ႔ရဲ႕အိမ္ေထာင္ေရးနဲ႔ပတ္သက္ၿပီးေတာ့လည္း ကံကိုပဲယုံၾကည္တယ္လို႔ ဆိုပါတယ္။ “ကြၽန္ေတာ္ ကေတာ့ ကံကိုပဲ ယုံၾကည္ပါတယ္၊ ေပါင္းသင္းဖို႔အတြက္ ေရစက္ပါသလားမပါသလားေပါ့ ေနာ္၊ ပတ္ဝန္းက်င္မွာ

ဘယ္လိုရွိသလဲ ကံဆိုတာမျမင္ႏိုင္ဘူးေပါ့ေနာ္၊ ကြၽန္ေတာ့္ရဲ႕ပတ္ဝန္းက်င္ထဲမွာ မိတ္ ေဆြ ေတြရွိၾကတယ္၊ ေရစက္မပါခဲ့ၾကသလို ေရစက္ပါလို႔ ေပါင္းဖက္ရတာေတြလည္း ရွိပါတယ္၊ အဲ့လိုမ်ိဳးေတြ ေတြ႕ဖူးတယ္၊

အားလုံးလည္း ေတြ႕ဖူးမွာေပါ့ေနာ္၊ ကြၽန္ေတာ္ကေတာ့ ကံတရားရယ္၊ ေရစက္ရယ္ ယုံၾကည္တယ္”လို႔လည္း ေျပာၾကားခဲ့ပါတယ္။

သူ႔ကိုႏွစ္သက္တဲ့ ပရိသတ္ေတြက သူ႔ရဲ႕နာမည္ေတြ၊ ပုံေတြကို တက္တူးထိုးတာေတြရွိၿပီး အဲ့ဒီလို လုပ္ကိုင္ သူေတြအေပၚ အသိအမွတ္ျပဳေပမယ့္ အဲ့ဒီလို မလုပ္ကိုင္သူေတြကိုလည္း အသိအမွတ္ျပဳ ပါေၾကာင္း၊

တစ္ဖက္တည္းကိုသာ ဦးတည္ေျပာေနပါက တစ္ဖက္ကေန အားေပးေနတဲ့ ပရိသတ္ကို အသိအမွတ္ မျပဳသလိုျဖစ္မွာ စိုးတဲ့အတြက္ ပရိသတ္အားလုံးကို အသိအမွတ္ျပဳေၾကာင္း ေျပာၾကား ခဲ့ပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ စက္တင္ဘာ ၁၈